
တစ်ခုသောနေ့၌ ကျွန်ုပ်သည် ယင်းအခင်းဖြစ်ပွားရာနေရာသို့ ရောက်ခဲ့လေသည်။ လက်ထဲ၌လည်း လက်စွဲတော်ကင်မရာလေးက အသင့်ရှိနေ၏။ မြင်လိုက်ရသော မြင်ကွင်းမှာ အကျဉ်းတန်လေစွ။ ယဉ်ကျေးသော ကျွန်ုပ်တို့မြန်မာနိုင်ငံပင် ဟုတ်ကောမှဟုတ်လေစွ ဟုထင်မိပေသည်။ကျွန်ုပ်ကြည့်ဖူးသော စလောင်းမှလာသည့် Discovery ဇာတ်ကားအားပြေးမြင်မိလိုက်လေသည်။ ၎င်းဇာတ်ကားထဲတွင် တောနက်ကြီး ထဲ၌ အသိဥာဏ် မရှိသော ၀ံပုလွေများသည် သူတိုထက်အားငယ်သော ဒရယ်ငယ်လေး များအား သနားညှာတာ မှုကင်းမဲ့စွာ အမဲလိုက်သတ်ဖြတ်နေပုံဖြစ်သည်။ ဒရယ်အသေ ကောင်လေး အား၎င်းဝံပုလွေ များအလုအယက်တစ်ကောင် နှင့်တစ်ကောင်မာန်မဲ၍ အသွေးအသား ၊ အူ၊အသည်းတို့အား စားသောက်ပြီးသောအခါ အကြွင်းအကျန် များ အား ကောင်းကင်မှ လဒ အုပ်ကြီးဆင်းလာပြီး လုယက်ဆွဲငင် စားသောက်နေကြပြန်သည့်မြင်ကွင်း ပင်ဖြစ် ပေ သည်။ ကျွန်ုပ်လည်း နောင်လာနောက်သားများရှောင်ကျဉ်နိုင်ရန်ရည်ရွယ်၍ လက်စွဲတော်ကင်မရာလေး နှင့် လျှက်တပြက် မှတ်တမ်းတင်ခဲ့လေသည်။ စာရှု့သူများကြည့်ရှု့ပြီးသံဝေဂတရားရနှိုင်ကြပါစေ.....
မင်းနိုင်
No comments:
Post a Comment