Tuesday 23 September 2008

ပျက်စီးသွားသော အပိုင်းအစတစ်ခု


ကျွန်မ ရင်တွေအရမ်းခုန်နေတယ်။ချွေးစေးတွေပြန်ပြီးအသက်ရှုတောင်ကျပ်လာတယ်။ သမ္ဗုဒ္ဓေဂါထာကိုလည်း ကပြောင်း ကပြန် အဖန်တလဲလဲရွတ်မိနေတယ်။ လက်တွေ၊ ဒူးတွေ ကလည်းနတ်ပူးနေသလို ဖြစ်နေပါလား။ ငါ့ရဲ့အားအင်တွေလည်း ဘယ်ရောက်သွား ကုန်ပြီ လည်းငါ့ခန္ဓာကိုယ်ကိုတောင် မထမ်းပိုးနှိုင်တော့ပါလား။ တစ် ကိုယ်လုံးမှာ ပင့်ကူမျှင်တွေ အလူးလူးနဲ့။ အရေးထဲ အောက်သက် သက် အနံ့ဆိုးတွေနဲ့ ဖုန်တွေကြောင့် နှာမ ချေမိအောင် ထိန်းနေရသေးတယ်။ မျက်စေ့တွေလည်းပြာပြီး ဘာမှမမြင်တော့ဘူး။ခြေသံတွေက နီးလာလိုက် ဝေးသွားလိုက်နဲ့ ဘုရား...ဘုရား…တပည့်တော်မကိုကယ်တော်မူပါ ဘုရား။ ခြေသံတွေ တဖြည်းဖြည်း ဝေးသွား ပြီ……။တော်ပါသေးရဲ့ …ငါ့ကိုတွေ့မသွားလို့။ ဟယ်...ဒုက္ခပဲ…စံဇာဏီဘိုရဲ့ ယတြာကိုလည်းမချေမိဘူး။ သူ့ဆီ ဖုန်းဆက်လို့လည်းမဖြစ်ဘူး လေ။ ငါ့ကိုမမြင်အောင် ကာထားတဲ့ သေတ္တာနဲ့အ၀တ်အိတ်တွေကို တွန်းဖယ်ပြီး အတင်း ပြေး ထွက်သွား ချင်လိုက်တာ…။ မဖြစ်သေးပါဘူး ငြိမ်နေအုံးမှ။ (ခဏကြာသော်) ဟော……ပြန်လျှောက် လာတဲ့ ခြေသံသဲ့သဲ့ကို ကြားနေရပြန်ပြီ။ အဘွားနဲ့သူတို့စကားအခြေအ တင်ပြောနေကြတယ်။ မျက်စေ့ ကို စုံမှိတ်ထားပြီးဘုရားသာ တ နေလိုက်တယ်။ လူ့ဘီလူးကြီး တစ်ယောက်ရဲ့မျက်နှာတစ်ခု ကျွန်မအနီး ဘွား ခနဲ ပေါ်လာသောအခါမှာတော့ ကျွန်မလန့်ပြီး “အောင်မလေး” လို့အော်လိုက်မိတယ်။ အဲ့ဒီနောက် ကျွန်မ ကိုယ်ပေါ်ကိုဓါတ်မီးရောင်များလက်ကနဲထိုးကျလာပါတော့တယ်။ လူတစ် ယောက်က “ခုတင်အောက်ကနေ ထွက်လာခဲ့”ဟုအသံနက်ကြီး ဖြင့်အော်လိုက်သံကို ခါးသီးစွာကြား လိုက်ရသောအခါ ကျွန်မခေါင်း ထဲ အိုး ထိန်း စက်လို သွက်သွက်လည် သွားလေ သည်။ ကျွန်မဘ၀…ကျွန်မကလေး… ကျွန်မမျှော်လင့်ထား တဲ့သာယာချမ်း မြေ့တဲ့မိသားစုဘ၀…လွတ်လပ်ပြီး၊တရားမျှတတဲ့ဒီမိုကရေစီနိုင်ငံတော်သစ်…အိုး...အားလုံးဟာပျက်ဆီး
သွားပါပြီလား……


(ခံစားတင်ပြသူ)
မင်းနိုင်

No comments: