Wednesday 29 October 2008

တစ်ချက်လောက်ငဲ့ကြည့်ကြပါအုံး

ဧရာဝတီတိုင်း၊ဒေးဒရဲမြို့နယ်အနီးရှိပင်လယ်နှင့်နီးသောအနောက်ဖက်တိုးရွာနှင့်ဆားကျင်း
ကျေးရွာများရှိ ပြည်သူများသည် အစားအစာပြတ်လပ်မှုနှင့် ဒုက္ခများစွာရင်ဆိုင်နေရပြီးအ
ဆိုပါကျေးရွာများသို့အစိုးရကယ်ဆယ်ရေးအဖွဲ့များ၊ကုလသမဂ္ဂနှင့်နိုင်ငံတကာNGOအဖွဲ့အ
စည်းများလာရောက်ခြင်းမရှိကြောင်း၊အနောက်ဘက်တိုးကျေးရွာတွင်မိသားစုဝင်ပေါင်း(၆၀၀)
ခန့်နှင့်ဆားကျင်းကျေးရွာတွင်မိသားစုဝင်ပေါင်း(၄၀၀)ခန့်လက်ရှိနေထိုင်လျှက်ရှိကြောင်းနှင့် ၎င်းကျေးရွာများရှိလူထုသည်ပြည်တွင်းပုဂ္ဂလိကများ၏လှူဒါန်းမှုဖြင့်သာရပ်တည်နေရကြောင်း
သိရသည်။အဆိုပါကျေးရွာများ၏လယ်မြေများမှာလည်းဆားငံရေ၀င်ရောက်၍သုံးမရသေး
ကြောင်း၊ရေလုပ်ငန်းဖြင့်သာအသက်မွေးဝမ်းကျောင်းမှုပြုနေရကြောင်း၊သို့ဖြစ်၍ဆန်စပါးအပါ
အင်စားနပ်ရိက္ခာများလိုအပ်လျှက်ရှိကြောင်းသိရသည်။အနောက်ဘက်တိုးကျေးရွာရှိမဟာသိမ်
ဘုန်းတော်ကြီးကျောင်းမှမိဘမဲ့ခလေး(၉၆)ဦးကိုကျွေးမွေးစောက်ရှောက်ထားကြောင်းသိရသည်။

မင်းနိုင်

Monday 27 October 2008

ငုဝါကလေး တရားရလိုက်ပြီ

ရွှေရည်ပိတောက်
နေခြည်ပျောက်မှာ
ဝင်းလက်တောက်ပ
မာန်မာနနဲ့
ချေဖျားထောက်ခါ
ငုဝါကလေး
ညီပုလေးဟု
ပြစ်တင်နှိပ်ချ
ဟားတိုက်ပြတော့
ငုဝါကလေး ပြုံးလျက်ပင် ……။
သကောင့်သားတို့
ပင်ဖျားထိပ်တက်
မောဟရမက်
လောဘဖက်၍ ချိုးဖျက်ချွေချ
ပွင့်ကြေရပြီ
ပိတောက်မျက်ရည် ကျခဲ့ပေါ့ ……။
အော် ရှင်တော် ဗုဒ္ဓ
ဆိုဆုံးမသည်
အနိစ္စ - အမြဲမရှိ၊ ဒုက္ခ ဆင်းရဲခြင်း
အနတ္တ - အစိုးမရပါလား
ငုဝါကလေး တရားရလိုက်ပြီ ……။
(နာနတ်မြေ-သစ္စာနီ)

Thursday 23 October 2008

ရေဆန်မှာ လေထန်ကို ဖြတ်သန်းခြင်း

စဉ်းစားပါ
စကားပြောမယ်

ဝင်္ကဘာ

နောက်ဆုံးတော့ ထွက်ပေါက်ရသွားတယ်

ပိတ်နေတဲ့ တံခါးဟာ

ပွင့်လာမှာပေါ့

စိတ်မရှည်နိုင်တာက

ကိုယ်ညံ့လို့

ဇွဲကြီးပါ သတ္တိရှိပါ

ရေဆန်မှာ လေထန်ကို ကြုံတော့

လောကဓံဆိုတာ

ခံနိုင်ရည်ရှိသူတို့ရဲ့

အောင်ပွဲပေါ့…..

(နာနတ်မြေ-သစ္စာနီ)

ကိုယ့်"အား" ကိုသူ့"အား" အဖြစ်ခံမလားNLD

ဗဟိုလူငယ်အောက်မြန်မာပြည်လူငယ်တာဝန်ဟောင်းခင်ထွန်းဦးဆောင်သည့်လူငယ်အဖွဲ့ဝင်(၁၀၉)ဦးနှုတ်ထွက်

ခြင်းသည်NLDပါတီအတွက်ကောင်းသည့်လက္ခဏာမဟုတ်ပါဘူး။စစ်အစိုးရနဲ့နိုင်ငံရေးအရအားပြိုင်နေစဉ်ဤကဲ့သို့

တက်ကြွသည့်လူငယ်မျိုးဆက်သစ်များလူကြီးများနှင့်သဘောထားမတိုက်ဆိုင်၍လမ်းခွဲခြင်းမှာလုံးဝမဖြစ်သင့်သည့်

ကိစ္စတစ်ခုဖြစ်ပါတယ်။’’နွားကွဲလျှင်ကျားဆွဲမည်’’ဟူသောမြန်မာစကားပုံရှိပါတယ်။ယ္ခုကဲ့သို့ခင်ထွန်း၊ထွန်းဇော်ဇော်

နှင့်နေခြည်ဝင်းတို့ဦးဆောင်သည့်လူတစ်ရာကျော်ခွဲထွက်သွားခြင်းမှာအလွန်ပင်အန္တရာယ်ကြီးလှပါတယ်။NLDဥက္ကဌ

ဦးအောင်ရွှေမှ“လူတစ်ရာမကလို့လူသုံးရာထွက်သွားလည်းဂရုမစိုက်ဘူး”ဟုဆိုခြင်းမှာတရားလက်လွတ်ပြောဆိုခြင်း

ဟုယူဆမိပါတယ်။ခေါင်းဆောင်တစ်ဦးအနေဖြင့်အမြော်အမြင်ကြီးသင့်ပါတယ်။ခင်ထွန်းဦးဆောင်သည့်လူငယ်

အဖွဲ့ဝင်(၁၀၉)ဦးဟာNLDပါတီရဲ့အတွင်းသိတွေပါ။NLDပါတီမှာနှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့သူတွေဖြစ်တယ်ဆို

တာမေ့ထားလို့မရပါဘူး။သာဓကအနေနဲ့NLDအဖွဲ့ချုပ်လူငယ်ရုံးခန်းအတွင်းကအဖွဲ့ချုပ်နဲ့သက်ဆိုင်တဲ့စာရွက်စာတမ်း

၊ဓါတ်ပုံမှတ်တမ်း၊ဗွီဒီယိုမှတ်တမ်းတွေကိုခင်ထွန်းတို့အဖွဲ့ကယူဆောင်သွားတဲ့အတွက်(၂၀၊၁၀၊၀၈)ရက်နေ့မှာရုံးအဖွဲ့မှူး

ဦးဝင်းမြင့်ကပြန်တောင်းနေရပါတယ်။ဒါ့အပြင်ဒီထက်အရေးကြီးတဲ့Dataအချက်အလက်ပေါင်းများစွာပါမသွားဘူးလို့

ဘယ်သူအာမခံနိုင်မှာလဲ။စစ်အစိုးရကလည်းဒီအကွက်ကိုချောင်းနေတာ။သူတို့ရဲ့နည်းဗျူဟာကအကိုင်းအခက်တွေအရင်

ရှင်းပြီးမှပင်စည်ကိုလှဲမှာမဟုတ်လား။အင်အားနည်းအောင်အရင်သွေးခွဲမယ်၊ကိုယ့်လူဖြစ်အောင်စည်းရုံးမယ်။ပြီးရင်အိမ်

ကြက်ချင်းအိုးမဲသုတ်ပြီးပြန်ခွတ်ခိုင်းမယ်။”ယာလည်းညက်စေ၊ကြက်လည်းမောစေ”လုပ်ပြီးကြက်နှစ်ကောင်လုံးမောမှ နှစ်ကောင်လုံးကိုရိုက်မယ်ပေါ့။ထင်ရှားတဲ့သာဓကတွေက၈၈အဖွဲ့ကနေအေးလွင်တို့အဖွဲ့ကိုခွဲထုတ်တာ၊KNUကနေ DKBAကိုခွဲထုတ်ပြီးပြန်တိုက်ခိုင်းတာတွေပါဘဲ။အခုဆိုရင်ခင်ထွန်းတို့အဖွဲ့ကိုစည်းရုံးဖို့ချောင်းနေလောက်ပြီ။ခင်ထွန်း

တို့ကလည်းရွေးကောက်ပွဲဝင်မယ်ဆိုပြီးလူငယ်တွေကိုလိုက်စည်းရုံးပြီးတစ်စင်ထောင်နေတယ်ဆိုတော့အံ့ကိုက်ပေါ့။

မျိုးညွှန့်၊လှဦးနဲ့အေးထွန်းတို့ကလည်းနေရာရပြီဆိုတာနဲ့(၂၀၊၁၀၊၀၈)၀၉း၃၀ချိန်မှာခင်ထွန်းတို့နေခဲ့တဲ့ရုံးခန်းကိုပြန်

ရှင်းပြီး၎င်းတို့ရုံးခန်းအဖြစ်ကြေငြာဖွင့်လှစ်ရတာနဲ့အစည်းဝေးခေါ်ရတာနဲ့အလုပ်တွေရှုပ်ပြနေလိုက်ကြတာ။တကယ့်

အန္တရာယ်ကိုမမြင်ကြဘူး။မျက်ကန်းတစ္တေမကြောက်ဆိုတဲ့အတိုင်းဘဲ။တကယ်ဆိုရင်ခင်ထွန်းဦးဆောင်တဲ့အဖွဲ့ဟာ NLDကိုသာနှုတ်ထွက်စာတင်ထားပေမဲ့ရွေးကောက်ပွဲကော်မရှင်ကိုနှုတ်ထွက်စာပေးပို့ထားခြင်းမရှိသေးဘူးလို့သိရပါ

တယ်။သူ့အားကိုကိုယ့်အားဖြစ်အောင်တောင်မှစည်းရုံးရအုံးမှာပါ။(သားသုံးသားစည်းရုံးရေးတို့ဘာညာတို့ပေါ့)။အခု

ဟာကကိုယ့်အချင်းချင်းတွေဘဲဗျာပြန်ညှိရတာအဲ့ဒီလောက်ခက်မယ်မထင်ပါဘူး။အခိုက်အတန့်သဘောထားကွဲလွဲ

ကြတာပဲ။နအဖနဲ့ပေါင်းမိသွားရင်တော့ရှေ့ရေးဟာရင်လေးစရာတွေဖြစ်လာပါလိမ့်မယ်။NLDပါတီဟာပြည်တွင်းမှာ

သာမကပြည်ပမှာရောက်ရှိနေကြတဲ့အဖွဲ့အစည်းတွေအားလုံးနီးပါးရဲ့အဓိကမဏ္ဍိုင်ပါပဲ။NLDရဲ့ပြိုလဲခြင်းဟာသူတို့တွေ

ရဲ့အနာဂါတ်ပြိုလဲခြင်းပါပဲ။မြန်မာပြည်သူတွေရဲ့ဒီမိုကရေစီအိမ်မက်ပျက်ပြယ်ခြင်းပါဘဲ။အမှိုက်ကစပြဿဒ်မီးလောင်နိုင်

ပါတယ်။အဲ့ဒါကြောင့်ယ္ခုဖြစ်ပေါ်နေသောကိစ္စအားအလေးထားပြီးအကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ကြပါရန်နှိုးဆော်

အပ်ပါတယ်။

မင်းနိုင်

Monday 20 October 2008

ရွှေပြည်သာမြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ပွား

၂၀၀၈ခုနှစ် အောက်တိုဘာလ (၉)ရက် ညနေ ၅း၃၀ အချိန်တွင် ရွှေပြည်သာမြို့နယ် (၁၈)ရပ်ကွက် ရေပြာလမ်းသွယ် အိမ်အမှတ် (၂၉၈/က)တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားကြောင်း သိရှိရသည်။ဖြစ်ပွားပုံမှာဦးမြအုန်း၏သားဖြစ်သူ သက်ဦးဝင်း(၃၅)နှစ်သည်ဘုရားကြေးပန်း အိုးတစ်ခုအတွင်း ယမ်းထည့်ပြီး ဒီတိုနေတာ တပ်ဆင်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ခြေ၊ လက် များပြတ်ပြီး ဦးနှောက်ပွင့်ထွက်၍ ပွဲချင်းပြီး သေဆုံးခဲ့သည်။ ပေါက်ကွဲသံကြောင့် BE တပ်ဖွဲ့များ ရောက်ရှိ၍ ရှာဖွေစစ်ဆေးရာ အိမ်နံရံကြားမှ ဒီတိုနေတာ (၆)လုံး၊ ဘုရားပန်းအိုးအတွင်းမှ ဒီတိုနေတာ(၂)လုံး ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ နအဖမှ၎င်း၏ဖခင်ဖြစ်သူ ဦးမြအုန်းအား စစ်ဆေးမေးမြန်းရန် ဖမ်းဆီးသွားကြောင်း သိရသည်။

မင်းနိုင်


Saturday 18 October 2008

ကြွေသွားသော ကြယ်များကိုယ်စား

ဘ၀ရဲ့ အချိန်ဇယားတွေ
ပုတ်သိုး ကုန်အောင်
မာယာညပေါင်းများစွာနဲ့
ကဝေသည် ပြုစားလို့ထားပေမဲ့
ဖုန်ဆိုး မျက်ရိုင်း တွေကို
ခုတ်ထွင်ရှင်းလင်းပြီး
ယွီကုန်း တောင်ဖြိုနည်းနဲ့
ဒို့လျှောက်လာလိုက်တာ
အတော်ခရီးရောက်ခဲ့ပြီ
အားတင်းလိုက်စမ်းပါ
ရဲရင့်ခြင်းရဲ့ ကြယ်စုများ
လင်းလက်ခြင်းရဲ့ ကြယ်စုများ

(သစ္စာနီ-နာနတ်မြေ)

Friday 10 October 2008

ဝါရင့် နိုင်ငံရေးသမားကြီးများ၏ လက်တလောNLD ပါတီနှင့်ပါက်သက်၍ဝေဖန်နေမှုများ

လက်ရှိ NLD အဖွဲ့ချုပ်သည် စည်းရုံးရေးအင်အားတိုးတက်လာသည်ဟု ဆိုနိုင်သော်လည်း တစ်ဘက်တွင် CEC အဖွဲ့သို့ရောက်ရှိလာသောဦးဝင်းတင်ခေါင်းဆောင်သည့်အုပ်စုအပေါ် ဦးအောင်ရွှေနှင့် ဦးလွင်မှ ၎င်းတို့၏တာဝန်
များကို မသိမသာလွှဲပြောင်းပေးသည့်သဘောသက်ရောက်နေကြောင်း၊ တာဝန်လွှဲပြောင်းပေးသည်ဟုယူဆရ
ခြင်းမှာဦးဝင်းတင်ဦးဆောင်လာခြင်းကြောင့် NLDအဖွဲ့အနေဖြင့်အင်အားတိုးလာပြီးစည်းလုံးညီညွတ်မှုလည်းအ
တန်အသင့်ရရှိခဲ့ ကြောင်းဦးအောင်ရွှေနှင့်ဦးလွင်ခေါင်းဆောင်စဉ်ကအဖွဲ့ချုပ်သည်စည်းလုံးညီညွတ်မှုပြိုကွဲနေ
ကြောင်း၊ထိုပုဂ္ဂိုလ်(၂)ဦးသည်ယ္ခုအခါကျန်းမာရေးအကြောင်းပြ၍တဖြည်းဖြည်းနောက်ဆုတ်သွားနိုင်ကြောင်း၊ ထိုသို့နောက်ဆုတ်သွား ရခြင်းမှာလည်း အာဏာပိုင်အဖွဲ့အစည်းများမှဖိအားအလွန်အကျွံပေးလာသည့်အခါ ရှောင်လွှဲလိုသည့်သဘောဖြစ်နိုင်ကြောင်း၊ ဦးဝင်းတင်၏လုပ်ဆောင်ချက်သည်တိကျပြတ်သားသဖြင့်တစ်ချိန်
ချိန်တွင်ထိပ်တိုက်ရင်ဆိုင်မှုပေါ်လာနိုင်သည်ကိုစိုးရိမ်၍ဦးအောင်ရွှေနှင့်ဦးလွင်သည်နောက်ကွယ်တွင်သာရပ်
တည်လိုပြီးဦးဝင်းတင်တို့အဖွဲ့အားရှေ့သို့တွန်းပို့ခြင်းဖြစ်နိုင်ကြောင်း၊လက်ရှိဦးဝင်းတင်သည်တိုင်းနှင့်ပြည်နယ်၊
မြို့နယ်၊ကျေးရွာများရှိNLDရုံးများကိုပြန်လည်ဖွင့်လှစ်ခွင့်ရရန်နအဖထံ(၁၀.၁၀.၀၈ရက်စွဲနှင့်ထုတ်ပြန်၍တောင်း
ဆိုနေကြောင်းဖွင့်လှစ်ခွင့်မရပါကNLDပါတီသည်တရားဝင်အတိုက်အခံပါတီကြီးတစ်ခုဖြစ်သည့်အတွက်မိမိသ
ဘောဆန္ဒအလျောက်ဖွင့်လှစ်မှာဖြစ်ကြောင်း၊ထိုအခါအာဏာပိုင်အဖွဲ့အစည်းနှင့်ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပေါ်လာ
မည်မှာမုချဖြစ်ကြောင်း၊ရှေ့လျှောက်နိုင်ငံရေးအကြပ်အတည်းများပိုမိုဖြစ်ပေါ်လာနိုင်သည်ဟုဝေဖန်ပြောဆို
လျှက်ရှိကြောင်းသိရှိရသည်။
မင်းနိုင်

မျိုးဆက်သစ်လူငယ်များအစည်းအရုံး(GW) ၏ ဆန့်ကျင်စာတွေ့ရှိမှုဖြင့် လူ(၃)ဦးကိုရဲကဖမ်း

သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးကားမှတ်တိုင်အနီးတွင် သာကေတမှမြောက်ဒဂုံပြေးဆွဲသည့် (၄၁)အစိမ်း၊ ယာဉ်အမှတ်(စ/၆၉၂၇)အား သင်္ဃန်းကျွန်းရဲစခန်းမှ တာဝန်ကျရဲများမှစစ်ဆေးရာ ယာဉ်ရှေ့၊ နောက်မှမျိုးဆက်သစ်လူငယ်များအစည်းအရုံးတံဆိပ်ပါ ဆန့်ကျင်စာရွက်စုစုပေါင်း (၁၂၀)ကျော်ခန့်အားတွေ့ရှိသဖြင့်ယာဉ်နှင့်ယာဉ်ပေါ်တွင်ပါသောအောက်ပါခရီးသည်များအားသင်္ကာမ
ကင်းမှုဖြင့်ဖမ်းဆီးသွားကြောင်းသိရသည်-
(၁) ကိုကိုလွင်
(၂) သက်နောင်စိုး
(၃) ထွန်းထွန်းနိုင်
ယာဉ်မောင်းမှာ ဦးသိန်းဌေးအောင် ဖြစ်ကြောင်းသိရသည်။

မင်းနိုင်

မျိုးဆက်သစ်လူငယ်များအစည်းအရုံး(GW) ၏ ဆန့်ကျင်စာဖြန့်ကြဲလှုပ်ရှားမှု

၂၀၀၈ခုနှစ်အောက်တိုဘာလ(၉)ရက်(၀၉၀၀)နာရီတွင်မရမ်းကုန်းမြို့နယ်၊ရန်ကုန်_အင်းစိန်
လမ်း၊BPIမှတ်တိုင်အနီးတွင်လည်းကောင်း၊(၀၉၀၀)နာရီတွင်သုဝဏ္ဏ(၂၉)ရပ်ကွက်၊မီးဒုံးလမ်း
ကားမှတ်တိုင်အနီးတွင်လည်းကောင်း၊(၀၉၁၅)အချိန်တွင်နာရီတွင်သုဝဏ္ဏ(၂၉)ရပ်ကွက်၊
ပေါ်ဆန်းမွှေးကားမှတ်တိုင်အနီးတွင်လည်းကောင်း၊ (၀၉၁၅)နာရီတွင်ကျောက်တံတားမြို့
နယ်၊အမှတ်(၃)ရပ်ကွက်၊ပန်းဆိုးတန်းဂုံးကျော်တံတားပေါ်တွင်လည်းကောင်း၊(၀၅၀၀)အချိန်
တွင် ကျိုက္ကဆံအနောက်ရပ်ကွက် ရတနာလမ်းနှင့် သုမင်္ဂလာလမ်းဆုံ၌လည်းကောင်း မျိုးဆက်
သစ်လူငယ်များအစည်းအရုံး(GW)တံဆိပ်ပါ“ဆင်းရဲဒုက္ခအပေါင်းကင်းဝေးစေရမည်”ဟုရေး
သားထား သော စာရွက်များကြဲခဲ့ကြောင်းသိရှိရသည်။

Tuesday 7 October 2008

ကြိုးကြာဖြူအထည်ချုပ်စက်ရုံနှင့် ဒဂုံဝင်းအထည်ချုပ်စက်ရုံတို့တွင် ဆန္ဒပြမှုဖြစ်ပွား

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုံ၊မင်းကြီးမဟာမင်းခေါင်လမ်း၊အမှတ်
(၂၇၂/၂၇၃)ရှိ ဒေါ်ကျင်ကျင်မြင့်ပိုင်ဆိုင်သောကြိုးကြာဖြူအထည်ချုပ်စက်ရုံ၌ အလုပ်
သမားကျား(၄)ဦး၊ မ(၉၃)ဦး စုစုပေါင်း(၉၇)ဦးသည် ၂၀၀၈ ခုနှစ် အောက်တိုဘာလ(၇)
ရက်နေ့ ၀၈း၃၀ချိန်တွင် လခတိုးမြှင့်ရေးကိစ္စနှင့်ပက်သက်၍ စက်ရုံအတွင်းဝင်ရောက်မှု
မရှိဘဲဆန္ဒပြခဲ့ကြောင်းသိရှိရသည်။အလားတူလှိုင်သာယာမြို့နယ်၊သံလွင်လမ်းနှင့် ပတ္တမြား
လမ်းထောင့်၊ အမှတ်(၅/၃၁၃)ရှိဦးအောင်ချိုဦးပိုင်ဆိုင်သောဒဂုံဝင်းအထည်ချုပ်စက်ရုံ၌
အလုပ်သမားစုစုပေါင်း(၇၀)ဦးသည်၂၀၀၈ခုနှစ်အောက်တိုဘာလ(၇)ရက်၀၈၀၀နာရီတွင်
အထည်ချုပ်စက်ရုံရှေ့၌ စက်ရုံအတွင်းဝင်ရောက်မှုမရှိဘဲ လခတိုးမြှင့်ရေးကိစ္စနှင့်ပက်သက်
၍ ဆန္ဒပြခဲ့ကြောင်းသိရှိရသည်။

မင်းနိုင်

Monday 6 October 2008

မြောက်ဥက္ကလာပမြို့ နယ် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ နှစ်(၂၀)ပြည့် အခမ်းအနား ကျင်းပ

၂၀၀၈ခုနှစ် အောက်တိုဘာ (၅)ရက်နေ့ (၁၂၃၅)ချိန်မှ (၁၄၃၀)ချိန်ထိ မြောက်ဥက္ကလာပမြို့နယ၊်
(ဇ) ရပ်ကွက် ၊ မေဓါဝီလမ်း၊ အမှတ်(၃၉၂)၌ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ နှစ်(၂၀)ပြည့်အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။ သဘာပတိအဖြစ်ဦးအောင်သန်း နှင့် အခမ်း
နားမှူးအဖြစ် ဦးဌေးမြင့် တို့ကပြုလုပ်ခဲ့ကြပြီး ပါတီဝင်များဖြစ်သောဦးခင်လှိုင် ၊ ဦးသိန်းမြင့်၊ ဦးညွန့်၊ ဒေါ်တင်အုန်းဆွေ၊ ဒေါ်ကျင်မွှေး၊ ဒေါ်ချစ်၊ ဒေါ်လဲ့လဲ့တို့ အပါအ၀င်အင်အား(၈၀) ဦးခန့်တက်ရောက်
ခဲ့ကြသည်။ ၎င်းအခမ်းအနားတွင် အဓိက ပြောဆိုသည့် အချက်များမှာ “နိုင်ငံတော်အခြေခံ ဥပဒေမူ
ကြမ်း အတည်ပြုပြီးဖြစ်တဲ့အတွက်လာမည့်ရွေးကောက်ပွဲတွင် ပါတီတစ်ခုအနေဖြစ်ဝင်ရောက်အရွေး
ခံမည်ဖြစ်၍ ပါတီအောင်နိုင်ရေးအတွက်ချမှတ်ထားသော လုပ်ငန်းစဉ်များကို တစိုက်မတ်မတ် ယခင်
ကထက် ပိုမိုကြိုးစားဆောင်ရွက်သွားရန်လိုကြောင်း” ပြောကြားခဲ့သည်။ သို့ဖြစ်၍ NLD ပါတီအနေဖြင့်
လူကြီးလူငယ် စိတ်ဝမ်းကွဲနေမှုများ၊ စည်းလုံးညီညွှတ်ရေးပျက်ပြားနေမှုများ ဖြင့် အချိန်ကုန်မခံတော့ဘဲ တစ်စည်းတစ်လုံးတည်း ၀န်းရံ၍ပန်းတိုင်အရောက်ချီတက်ရန်အချိန်ရောက်ပြီဖြစ်ကြောင်းနှိုးဆော်သတိ
ပေးအပ်ပါသည်။

မင်းနိုင်

ရွှေသာယာ ကားထုတ်လုပ်ရေး အလုပ်ရုံတွင် အလုပ်ရှင် အလုပ်သမား ပဋ္ဋိပက္ခဖြစ်

လှိုင်သာယာမြို့ နယ်၊ စက်မှုဇုံ (၂) ၊ ဦးချိန်လမ်း၊ အမှတ်(၈၆)ရှိ၊ ဦးခင်မောင်စန်း (၄၄)နှစ်ပိုင်
ရွှေသာယာ ကားထုတ်လုပ်ရေး အလုပ်ရုံတွင် အလုပ်သမား ဒေါ်ခင်သဉ္စာအောင်ပါ (၉)ဦးသည်
အလုပ်ရှင်၏ ဖိနှိပ်မှုများ မခံနိုင်သဖြင့် အလုပ်မဆင်းရာမှ စတင်၍ ပဋ္ဋိပက္ခ ဖြစ်ပွားခဲ့ပြီးလှိုင်သာ
ယာ အလုပ် သမားကြီးကြပ်ရေးကော်မတီထံ နစ်နာကြေးရလိုကြောင်းတိုင်ကြားခဲ့ရာအလုပ်ရှင်
မှ အလုပ်ရပ်ဆဲမှုနှင့် နစ်နာကြေးအဖြစ်ငွေ (၁၁၂၉၉၀၀) ကျပ်အား (၇ .၁၀ .၂၀၀၈)တွင်လျော်
ကြေးပေးဆောင်ပါမည်ဟု ကတိပြုပြီးကျေအေးခဲ့ကြောင်းသိရှိရသည်။

မင်းနိုင်

နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများခဲ့သော ဒေသများတွင် ကယ်ဆယ်ရေးပစ္စည်း များပြတ်လပ်

မြန်မာ့သမိုင်းတွင် မှတ်တမ်းတင်လောက်အောင် အသက်အိုးအိမ်း စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု
များခဲ့သော နာဂစ်မုန်တိုင်းဒဏ်ခံရသည့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းရှိ မြို့ နယ်များတွင်
နိုင်ငံတကာမှ အလှူရှင်များနှင့် ပြည်တွင်းမှ အလှူရှင်များ၏ ကယ်ဆယ်ရေးလုပ် ငန်းများသည်
ယခုအခါ မရှိသလောက်နည်းပါးသွားပြီဖြစ်သည်။ သို့ ဖြစ်၍ နာဂစ်ဒဏ်ခံဒေသများရှိ ပြည်သူ
လူထုမှာ အစားအစာမလုံလောက်ခြင်း၊ သန့်ရှင်းသောသောက်သုံးရေ မရရှိမှုများနှင့် ကြုံတွေ့နေ
ရလျှက်ရှိသည်။ လယ်မြေဧကများစွာမှာလည်း စိုက်ပျိုးရန်အတွက် ယနေ့အထိ အခက်အခဲ အမျိုး
မျိုးနှင့် ရင်ဆိုင်နေရသည်။ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များအဟာရချို့တဲ့၍ရောဂါမျိုး
စုံဝင်ရောက်လာပြီးအသက်အန္တရာယ်အားခြိမ်းခြောက်လျှက်ရှိပေသည်။နအဖဘက်မှလည်းထိရောက်
သောအထောက်အပံ့များလည်းမရတော့ကြောင်းသိရသည်။ သို့ဖြစ်၍ပြည်တွင်း၊ပြည်ပမှ အလှူရှင်
များ လူမှုရေးအသင်းအဖွဲ့များ အနေဖြင့် ဒေသခံ ပြည်သူများ အသက် မွေးဝမ်းကျောင်းမှုလုပ်ငန်း ပြုလုပ်နိုင်သည်အထိ ကူညီဖေးမစောင့်ရှောက်ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။

မင်းနိုင်

ရွှေပြည်သာ ဗုံးပေါက်ကွဲမှုတွင် ပါဝင်ပါတ်သက်သူများကို ရုံးထုတ်စစ်ဆေး

၂၀၀၈ခုနှစ် အောက်တိုဘာလ (၆)ရက်နေ့ ၁၀း၄၅ အချိန်တွင် ရန်ကုန်မြောက်ပိုင်းခရိုင်
တရားရုံး ၌ HRDP ဦးမြင့်အေး၊ ထန်းတပင်NLD လူငယ် ရန်ရွှေ၊ ရွှေပြည်သာNLD လူငယ်
ဟောင်း ဇော်ဇော်အောင်တို့အား“ပေါက်ကွဲစေတတ်သော အရာဝတ္ထုများဆိုင်ရာအက်ဥပဒေ
ပုဒ်မ-(၃) ”အရတရားစွဲဆို ရုံးထုတ်ခဲ့ကြောင်းနှင့် လှိုင်သာယာNLDဥက္ကဌဦးမင်းနိုင်အပါအ၀င်
ဆွေမျိုး မိသားစုများ လာရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

မင်းနိုင်

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးလှဖေ နှင့် ဦးလွန်းတင်တို့ ကျမ္မာရေး အခြေအနေအရ ပါတီမှ အနားယူတော့မည်

(၂၃ .၉ .၂၀၀၈)ရက်နေ့တွင်ထောင်မှလွတ်ပြီး NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တာဝန် ပြန်လည်ထမ်းဆောင်တော့မည့် ဦးခင်မောင်ဆွေနှင့် ဦးဝင်းတင်တို့ ပါတီတွင် ပြန်လည်ရောက်
ရှိလာသဖြင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အင်အား ပြန်လည်ကောင်းမွန်လာသောကြောင့်
ကျမ္မာရေး ကောင်းမွန်ခြင်းမရှိသော ဦးလှဖေနှင့် ဦးလွန်းတင်တို့ နှစ်ဦးသည် ပါတီမှ အနားယူ တော့မည်ဖြစ်ကြောင်းသိရှိရသည်။

မင်းနိုင်

Sunday 5 October 2008

အမေသို့

အမေ ……
လောကဓံ တရားရဲ့
ဒဏ်ရာ ဒဏ်ချက်တွေကို
အမေ ……
ခါးဆီးရင်ကော့
ခံစားနေရတာ
ဘာကြောင့်ဆိုတဲ့ အဓိပါယ်
အမေ့သား နားလည်ပါတယ် အမေ ……
စိန်ကျောက်ပတ္တမြားတွေ တထိန်ထိန်လင်းနေပေမဲ့
စိန်နားကပ်ရောင်နဲ့ ပါးပြောင်တဲ့ ဘ၀ကို အမေမမက်မောဘူး
သဖန်းသီးလို လှပြီး ခွဲကြည့်တော့
အထဲမှာ ပိုးတွေနဲ့ ဘ၀ကို မလိုချင်ဘူး
ဒူးရင်း သြဇာလို ဂုဏ်ပုဒ်
စန္ဒကူးလို မွှေးတဲ့ဘ၀နဲ့
အမေလောကကို အလှဆင်ချင်တယ်
အမေ့ဆန္ဒ အမေ့ဘ၀ကို
ပေးဆပ်ခြင်း ရွှေအိုရောင် အချိန်များနဲ့
မွတ်သိပ်စွာ ဂုဏ်ယူနေတဲ့
အမေရယ် …အမေ့သားကျနော်ဖြစ်ရတာ ဂုဏ်ရှိလေစွ ၊ဂုဏ်ရှိလေစွ
အမေ အသက်ရာထောင်ရှည်ပါစေ ……

(သစ္စာနီ-နာနတ်မြေ)

ငါပြောချင်တယ် သူငယ်ချင်း

နိုင်ငံရေးဆိုတာ
ကြောက်လွန်းရင် လူရာမ၀င်ဘူး
မြောက်လွန်းကလည်း ပေါက်တက်တယ် ……
စီးမျှောနေသော သွေးတို့
နေမင်းကသောက်သုံး
အခိုးငွေ့တွေ ဖြစ်သွား
ကောင်းကင်မှာ သန္ဓေတည်
မိုးစက်သွေးတွေ ချွေချ
မြို့ ပြအနှံ့ ရိုးမအနှံ့
ပျံ့ နှံ့လို့သွားခဲ့……
ဂျူလီယက်ဆီဇာ
နပိုလီယံနဲ့ ဟစ်တလာ
ဒါဟာ သမိုင်းပေါ့……
အဟောင်းနဲ့အသစ် ပဋ္ဋိပက္ခ ဖြစ်စဉ်
ကြေးမုံပြင် ထင်သာတဲ့ ပုံရိပ်
စိုးထိပ် ၀ိုးတ၀ါး ကြောက်စိတ်နဲ့မှုံဝါး
ရှောင်လွဲလို့ ရမလားကွယ်……
ဘ၀နဲ့ အသိ ထိမိသောအခါ
သင်ဟာအိပ်ယာမှ လန့်နိုး
သူခိုး သူခိုးနဲ့
တောတိုးတဲ့ ဆင်ကန်း
ဂယောင်ဂတမ်းနဲ့ ယောင်ရမ်းလို့အော်မနေနဲ့……
သီအိုရီဆိုတဲ့ အယူအဆဒဿဆိုတဲ့ အတွေးအခေါ်
ဘေးချော်လို့မနေနဲ့……

မီးနီတော့ ဖြတ်မလို
မီးစိမ်းတော့ ရပ်မလို
ပြောင်းပြန်ကြီးဖြစ်နေတဲ့
သူငယ်ချင်း ……

ဘီယာဘူးခွံ အလွတ်တွေ
အိပ်မက် မက်နေသလား
အသားလွတ် ဆီဘူး
စိတ်ကူးနဲ့ ရူးနေသလား……


သမိုင်းရထား၊ ခုတ်မောင်းသွားပေါ့
ဘီးအောက်မှာ……
စိတ်ကူးယဉ်၊ အသားစတွေ
မွမွကျေ မွမွကျေ ……

ရာသီပေါ်ဖား
တကြွားကြွားနဲ့
မင်းအစား ငါရှက်တယ် ရှက်တယ်
သိပ်ရှက်တယ် သူငယ်ချင်းရယ်။

ရေဆန်မှာ လေထန်ကို ဖြတ်သန်းခြင်း
စဉ်းစားပါ
စကားပြောမယ်
ဝင်္ကဘာ
နောက်ဆုံးတော့ ထွက်ပေါက်ရသွားတယ်
ပိတ်နေတဲ့ တံခါးဟာ
ပွင့်လာမှာပေါ့
စိတ်မရှည်နိုင်တာက
ကိုယ်ညံ့လို့
ဇွဲကြီးပါ သတ္တိရှိပါ
ရေဆန်မှာ လေထန်ကို ကြုံတော့
လောကဓံဆိုတာ
ခံနိုင်ရည်ရှိသူတို့ရဲ့
အောင်ပွဲပေါ့…..
(သစ္စာနီ-နာနတ်မြေ)

Wednesday 1 October 2008

ဒိုင်ယာလော့

တရံသောအခါ၌ မြို့တစ်မြို့တွင်ဆရာဝန်ကြီးတစ်ဦးရှိလေသည်။ အဲ့ဒီဆရာဝန်ကြီးရဲ့အိမ်ရှေ့ကလမ်းဟာ
မကောင်းသောကြောင့် လမ်းသွားလမ်းလာများ မကြာခဏချော် လဲတက်တယ်တဲ့။ဆရာဝန်ကြီးကစဉ်းစား
တယ်…။ငါရဲ့အလုပ်ကဆရာဝန်၊ လူနာတွေ ကိုဆေးကုဖို့တာဝန်ပဲရှိတယ်။ လမ်းပြင်တဲ့အလုပ်ကငါ့အလုပ်
မဟုတ်ဘူး။ ဒါပေမဲ့ ငါနဲ့မဆိုင်ဘူးဆိုပြီးတာဝန်မဲ့စွာနေရင် ငါလည်းတစ်နေ့ကျရင်ချော်လဲလိမ့်မယ်။ဒါကြောင့်
လမ်းပြင်မယ်ဆိုပြီး ပေါက်ပြားနဲ့တူရွင်းကိုကိုင်လိုက်တယ်။ အဲ့ဒီအချိန်မှာသူဖျတ်ကနဲ သတိတစ်ခုရလိုက်
တယ်။ သူလိုပဲလမ်းပြင်မယ်ဆိုပြီး လမ်းကိုတူးဆွတဲ့သူတွေကို စည်ပင်ဝန်ထမ်းတွေကလမ်းဖျက်ဆီးတယ်
ဆိုပြီးဖမ်းဆီးတယ်တဲ့။ သူတို့ကိုယ်တိုင်လည်းမပြင်ဘူး။ပြင်မယ်ဆိုတဲ့သူတွေကိုလည်းဖမ်းတယ်။ လမ်းလည်း
ကောင်းသွားစေချင်တယ်။ အရေးယူလည်းမခံချင်ဘူး။ ကောင်းတာလုပ်တယ်ဆိုတာကိုတဖက်သားကလက်ခံ
စေချင်တယ်။ win & win situation ဖြစ်အောင်ဘယ်လိုလုပ်ရမလဲလို့စဉ်းစားတယ်။ ရုတ်တရက်ပဲဆရာဝန်ကြီး
က အိမ်မှာလုပ်တဲ့မုန့်ကို ဂျိုင့်တစ်ခုထဲထည့်ပြီး စည်ပင်အရာရှိကြီးအိမ်ကို ထွက်လာခဲ့တယ်။ စည်ပင်အရာရှိကြီး
နဲ့တွေတဲ့အခါ မိတ်ဆက်ပြီးအိမ်မှာလုပ်တဲ့မုန့်လာပို့တာဆိုတဲ့အကြောင်း ပြောပြီးရင်းနှီးမှုရအောင်လုပ်လိုက်တယ်။
အတော်လေးရင်းနှီးလာတဲ့အခါမှာ လမ်းကိုပြင်ချင် တယ်ဆိုတဲ့အကြောင်း၊ဒီအတိုင်းရေရှည်ဆက်သွားမယ်ဆိုရင် ရက်ကွက်လူထုဒုက္ခရောက်မယ်ဆိုတဲ့အကြောင်းအကျိုးသင့်အကြောင်းသင့်ပြောတယ်။အဲ့ဒီအခါမှာတော့အရာရှိ
ကြီးကဒါဟာသူ့ကိုကျောတာမဟုတ်ဘူး။တစ်ကယ်လိုအပ်လို့လုပ်တာပါလားဆိုပြီးလမ်းပြင်ဖို့ခွင့်ပြုတဲ့အပြင်လို
အပ်တဲ့အကူအညီတွေပါပေးလိုက်တော့နောက်ဆုံးတော့ရပ်ကွက်လမ်းလေးဟာကောင်းသွားပါတော့တယ်။

မင်းနိုင်

အတ္တကို ခ၀ါချခြင်း

ဇွဲကြီးမာန်ဟုန် ၊ အရှိန်အဟုန်နှင့် ၊ မြေတုံခါတီး
တောင်ကြီးကိုလည်း ဖြိုရန်ကြံခဲ့. . . . . . .. . . .
ဇွဲကြီးမာန်ဟုန် ၊ အရှိန်အဟုန်နှင့် ၊ မြေတုံခါတီး
တောမီးကိုလည်း ဖြတ်ရန်ကြံခဲ့. . . . . . . . . . .
တုံးတိုက်တိုက် ၊ ကျားကိုက်ကိုက်
တိုက်ပွဲရှိမှအောင်ရမယ်
မိုက်ခဲ့တာလည်းကျွန်တော် . . . . . . . . . . . . .
ငယ်မူငယ်သွေး ၊ မာနသွေးနဲ့
သွေးနထင်ရောက် ၊ ခြေဖျားထောက်၍
ကြောက်စိတ်မသီ ၊ ဘာမထီဟု
ဇာနည်ယောက်ျား ၊ ငါတကားဟု
ထားခဲ့မာနအခါခါ. . . . . . . . . . . . . . . . . . . . .
လောကဓံလှိုင်း ၊ ကြမ္မာရိုင်းတို့
ရိုးပြိုင်းကျအောင် ၊ ပွေ့သိုင်းချေဖျက်
ဘ၀ပျက်မှ
ဗုဒ္ဓ ဗုဒ္ဓ သတိရခဲ့
ကျေးဇူးတော်စုံ ၊ ဂုဏ်တော်အနန္ဒနှင့်
ပြည့်စုံတော်မူသော ရှင်မြတ်စွာဘုရား . . . . . . . .
ကိလေသာ ကာမတောမှာ နစ်မျောလို့
ရှင်တော်ဗုဒ္ဓဆိုဆုံးမသည့် ၊ သင်္ခါရကို
အစဉ်ထာဝရမှတ် ၊ မမြဲသည်ကို အမြဲမှတ်လို့
အတ္တလွန်ကဲ တပည့်တော်ဥာဏ်ငမွဲကို
ကာယကံ ၀စီကံ မနောကံ အပြစ်တို့အား
ပျောက်ပါစေခြင်းအလို့ငှာ
သံသရာဝဋ္ဋ်ဆင်းရဲမှ လွတ်မြောက်ရန်ရည်သန်၍
လက်အုပ်မိုး၍ရှိခိုးကန်တော့ပါ ၏ ဘုရား. . . . . .။

(သစ္စာနီ-နာနတ်မြေ)