Monday 20 October 2008

ရွှေပြည်သာမြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ပွား

၂၀၀၈ခုနှစ် အောက်တိုဘာလ (၉)ရက် ညနေ ၅း၃၀ အချိန်တွင် ရွှေပြည်သာမြို့နယ် (၁၈)ရပ်ကွက် ရေပြာလမ်းသွယ် အိမ်အမှတ် (၂၉၈/က)တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားကြောင်း သိရှိရသည်။ဖြစ်ပွားပုံမှာဦးမြအုန်း၏သားဖြစ်သူ သက်ဦးဝင်း(၃၅)နှစ်သည်ဘုရားကြေးပန်း အိုးတစ်ခုအတွင်း ယမ်းထည့်ပြီး ဒီတိုနေတာ တပ်ဆင်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ခြေ၊ လက် များပြတ်ပြီး ဦးနှောက်ပွင့်ထွက်၍ ပွဲချင်းပြီး သေဆုံးခဲ့သည်။ ပေါက်ကွဲသံကြောင့် BE တပ်ဖွဲ့များ ရောက်ရှိ၍ ရှာဖွေစစ်ဆေးရာ အိမ်နံရံကြားမှ ဒီတိုနေတာ (၆)လုံး၊ ဘုရားပန်းအိုးအတွင်းမှ ဒီတိုနေတာ(၂)လုံး ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ နအဖမှ၎င်း၏ဖခင်ဖြစ်သူ ဦးမြအုန်းအား စစ်ဆေးမေးမြန်းရန် ဖမ်းဆီးသွားကြောင်း သိရသည်။

မင်းနိုင်


No comments: