Tuesday 7 October 2008

ကြိုးကြာဖြူအထည်ချုပ်စက်ရုံနှင့် ဒဂုံဝင်းအထည်ချုပ်စက်ရုံတို့တွင် ဆန္ဒပြမှုဖြစ်ပွား

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုံ၊မင်းကြီးမဟာမင်းခေါင်လမ်း၊အမှတ်
(၂၇၂/၂၇၃)ရှိ ဒေါ်ကျင်ကျင်မြင့်ပိုင်ဆိုင်သောကြိုးကြာဖြူအထည်ချုပ်စက်ရုံ၌ အလုပ်
သမားကျား(၄)ဦး၊ မ(၉၃)ဦး စုစုပေါင်း(၉၇)ဦးသည် ၂၀၀၈ ခုနှစ် အောက်တိုဘာလ(၇)
ရက်နေ့ ၀၈း၃၀ချိန်တွင် လခတိုးမြှင့်ရေးကိစ္စနှင့်ပက်သက်၍ စက်ရုံအတွင်းဝင်ရောက်မှု
မရှိဘဲဆန္ဒပြခဲ့ကြောင်းသိရှိရသည်။အလားတူလှိုင်သာယာမြို့နယ်၊သံလွင်လမ်းနှင့် ပတ္တမြား
လမ်းထောင့်၊ အမှတ်(၅/၃၁၃)ရှိဦးအောင်ချိုဦးပိုင်ဆိုင်သောဒဂုံဝင်းအထည်ချုပ်စက်ရုံ၌
အလုပ်သမားစုစုပေါင်း(၇၀)ဦးသည်၂၀၀၈ခုနှစ်အောက်တိုဘာလ(၇)ရက်၀၈၀၀နာရီတွင်
အထည်ချုပ်စက်ရုံရှေ့၌ စက်ရုံအတွင်းဝင်ရောက်မှုမရှိဘဲ လခတိုးမြှင့်ရေးကိစ္စနှင့်ပက်သက်
၍ ဆန္ဒပြခဲ့ကြောင်းသိရှိရသည်။

မင်းနိုင်

No comments: