Friday 10 October 2008

မျိုးဆက်သစ်လူငယ်များအစည်းအရုံး(GW) ၏ ဆန့်ကျင်စာတွေ့ရှိမှုဖြင့် လူ(၃)ဦးကိုရဲကဖမ်း

သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးကားမှတ်တိုင်အနီးတွင် သာကေတမှမြောက်ဒဂုံပြေးဆွဲသည့် (၄၁)အစိမ်း၊ ယာဉ်အမှတ်(စ/၆၉၂၇)အား သင်္ဃန်းကျွန်းရဲစခန်းမှ တာဝန်ကျရဲများမှစစ်ဆေးရာ ယာဉ်ရှေ့၊ နောက်မှမျိုးဆက်သစ်လူငယ်များအစည်းအရုံးတံဆိပ်ပါ ဆန့်ကျင်စာရွက်စုစုပေါင်း (၁၂၀)ကျော်ခန့်အားတွေ့ရှိသဖြင့်ယာဉ်နှင့်ယာဉ်ပေါ်တွင်ပါသောအောက်ပါခရီးသည်များအားသင်္ကာမ
ကင်းမှုဖြင့်ဖမ်းဆီးသွားကြောင်းသိရသည်-
(၁) ကိုကိုလွင်
(၂) သက်နောင်စိုး
(၃) ထွန်းထွန်းနိုင်
ယာဉ်မောင်းမှာ ဦးသိန်းဌေးအောင် ဖြစ်ကြောင်းသိရသည်။

မင်းနိုင်

No comments: