မြန်မာ့သမိုင်းတွင် မှတ်တမ်းတင်လောက်အောင် အသက်အိုးအိမ်း စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု
များခဲ့သော နာဂစ်မုန်တိုင်းဒဏ်ခံရသည့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းရှိ မြို့ နယ်များတွင်
နိုင်ငံတကာမှ အလှူရှင်များနှင့် ပြည်တွင်းမှ အလှူရှင်များ၏ ကယ်ဆယ်ရေးလုပ် ငန်းများသည်
ယခုအခါ မရှိသလောက်နည်းပါးသွားပြီဖြစ်သည်။ သို့ ဖြစ်၍ နာဂစ်ဒဏ်ခံဒေသများရှိ ပြည်သူ
လူထုမှာ အစားအစာမလုံလောက်ခြင်း၊ သန့်ရှင်းသောသောက်သုံးရေ မရရှိမှုများနှင့် ကြုံတွေ့နေ
ရလျှက်ရှိသည်။ လယ်မြေဧကများစွာမှာလည်း စိုက်ပျိုးရန်အတွက် ယနေ့အထိ အခက်အခဲ အမျိုး
မျိုးနှင့် ရင်ဆိုင်နေရသည်။ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များအဟာရချို့တဲ့၍ရောဂါမျိုး
စုံဝင်ရောက်လာပြီးအသက်အန္တရာယ်အားခြိမ်းခြောက်လျှက်ရှိပေသည်။နအဖဘက်မှလည်းထိရောက်
သောအထောက်အပံ့များလည်းမရတော့ကြောင်းသိရသည်။ သို့ဖြစ်၍ပြည်တွင်း၊ပြည်ပမှ အလှူရှင်
များ လူမှုရေးအသင်းအဖွဲ့များ အနေဖြင့် ဒေသခံ ပြည်သူများ အသက် မွေးဝမ်းကျောင်းမှုလုပ်ငန်း ပြုလုပ်နိုင်သည်အထိ ကူညီဖေးမစောင့်ရှောက်ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။
မင်းနိုင်
Monday, 6 October 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment