Wednesday 29 October 2008

တစ်ချက်လောက်ငဲ့ကြည့်ကြပါအုံး

ဧရာဝတီတိုင်း၊ဒေးဒရဲမြို့နယ်အနီးရှိပင်လယ်နှင့်နီးသောအနောက်ဖက်တိုးရွာနှင့်ဆားကျင်း
ကျေးရွာများရှိ ပြည်သူများသည် အစားအစာပြတ်လပ်မှုနှင့် ဒုက္ခများစွာရင်ဆိုင်နေရပြီးအ
ဆိုပါကျေးရွာများသို့အစိုးရကယ်ဆယ်ရေးအဖွဲ့များ၊ကုလသမဂ္ဂနှင့်နိုင်ငံတကာNGOအဖွဲ့အ
စည်းများလာရောက်ခြင်းမရှိကြောင်း၊အနောက်ဘက်တိုးကျေးရွာတွင်မိသားစုဝင်ပေါင်း(၆၀၀)
ခန့်နှင့်ဆားကျင်းကျေးရွာတွင်မိသားစုဝင်ပေါင်း(၄၀၀)ခန့်လက်ရှိနေထိုင်လျှက်ရှိကြောင်းနှင့် ၎င်းကျေးရွာများရှိလူထုသည်ပြည်တွင်းပုဂ္ဂလိကများ၏လှူဒါန်းမှုဖြင့်သာရပ်တည်နေရကြောင်း
သိရသည်။အဆိုပါကျေးရွာများ၏လယ်မြေများမှာလည်းဆားငံရေ၀င်ရောက်၍သုံးမရသေး
ကြောင်း၊ရေလုပ်ငန်းဖြင့်သာအသက်မွေးဝမ်းကျောင်းမှုပြုနေရကြောင်း၊သို့ဖြစ်၍ဆန်စပါးအပါ
အင်စားနပ်ရိက္ခာများလိုအပ်လျှက်ရှိကြောင်းသိရသည်။အနောက်ဘက်တိုးကျေးရွာရှိမဟာသိမ်
ဘုန်းတော်ကြီးကျောင်းမှမိဘမဲ့ခလေး(၉၆)ဦးကိုကျွေးမွေးစောက်ရှောက်ထားကြောင်းသိရသည်။

မင်းနိုင်

No comments: