Wednesday 1 October 2008

ဒိုင်ယာလော့

တရံသောအခါ၌ မြို့တစ်မြို့တွင်ဆရာဝန်ကြီးတစ်ဦးရှိလေသည်။ အဲ့ဒီဆရာဝန်ကြီးရဲ့အိမ်ရှေ့ကလမ်းဟာ
မကောင်းသောကြောင့် လမ်းသွားလမ်းလာများ မကြာခဏချော် လဲတက်တယ်တဲ့။ဆရာဝန်ကြီးကစဉ်းစား
တယ်…။ငါရဲ့အလုပ်ကဆရာဝန်၊ လူနာတွေ ကိုဆေးကုဖို့တာဝန်ပဲရှိတယ်။ လမ်းပြင်တဲ့အလုပ်ကငါ့အလုပ်
မဟုတ်ဘူး။ ဒါပေမဲ့ ငါနဲ့မဆိုင်ဘူးဆိုပြီးတာဝန်မဲ့စွာနေရင် ငါလည်းတစ်နေ့ကျရင်ချော်လဲလိမ့်မယ်။ဒါကြောင့်
လမ်းပြင်မယ်ဆိုပြီး ပေါက်ပြားနဲ့တူရွင်းကိုကိုင်လိုက်တယ်။ အဲ့ဒီအချိန်မှာသူဖျတ်ကနဲ သတိတစ်ခုရလိုက်
တယ်။ သူလိုပဲလမ်းပြင်မယ်ဆိုပြီး လမ်းကိုတူးဆွတဲ့သူတွေကို စည်ပင်ဝန်ထမ်းတွေကလမ်းဖျက်ဆီးတယ်
ဆိုပြီးဖမ်းဆီးတယ်တဲ့။ သူတို့ကိုယ်တိုင်လည်းမပြင်ဘူး။ပြင်မယ်ဆိုတဲ့သူတွေကိုလည်းဖမ်းတယ်။ လမ်းလည်း
ကောင်းသွားစေချင်တယ်။ အရေးယူလည်းမခံချင်ဘူး။ ကောင်းတာလုပ်တယ်ဆိုတာကိုတဖက်သားကလက်ခံ
စေချင်တယ်။ win & win situation ဖြစ်အောင်ဘယ်လိုလုပ်ရမလဲလို့စဉ်းစားတယ်။ ရုတ်တရက်ပဲဆရာဝန်ကြီး
က အိမ်မှာလုပ်တဲ့မုန့်ကို ဂျိုင့်တစ်ခုထဲထည့်ပြီး စည်ပင်အရာရှိကြီးအိမ်ကို ထွက်လာခဲ့တယ်။ စည်ပင်အရာရှိကြီး
နဲ့တွေတဲ့အခါ မိတ်ဆက်ပြီးအိမ်မှာလုပ်တဲ့မုန့်လာပို့တာဆိုတဲ့အကြောင်း ပြောပြီးရင်းနှီးမှုရအောင်လုပ်လိုက်တယ်။
အတော်လေးရင်းနှီးလာတဲ့အခါမှာ လမ်းကိုပြင်ချင် တယ်ဆိုတဲ့အကြောင်း၊ဒီအတိုင်းရေရှည်ဆက်သွားမယ်ဆိုရင် ရက်ကွက်လူထုဒုက္ခရောက်မယ်ဆိုတဲ့အကြောင်းအကျိုးသင့်အကြောင်းသင့်ပြောတယ်။အဲ့ဒီအခါမှာတော့အရာရှိ
ကြီးကဒါဟာသူ့ကိုကျောတာမဟုတ်ဘူး။တစ်ကယ်လိုအပ်လို့လုပ်တာပါလားဆိုပြီးလမ်းပြင်ဖို့ခွင့်ပြုတဲ့အပြင်လို
အပ်တဲ့အကူအညီတွေပါပေးလိုက်တော့နောက်ဆုံးတော့ရပ်ကွက်လမ်းလေးဟာကောင်းသွားပါတော့တယ်။

မင်းနိုင်

No comments: