Friday 10 October 2008

ဝါရင့် နိုင်ငံရေးသမားကြီးများ၏ လက်တလောNLD ပါတီနှင့်ပါက်သက်၍ဝေဖန်နေမှုများ

လက်ရှိ NLD အဖွဲ့ချုပ်သည် စည်းရုံးရေးအင်အားတိုးတက်လာသည်ဟု ဆိုနိုင်သော်လည်း တစ်ဘက်တွင် CEC အဖွဲ့သို့ရောက်ရှိလာသောဦးဝင်းတင်ခေါင်းဆောင်သည့်အုပ်စုအပေါ် ဦးအောင်ရွှေနှင့် ဦးလွင်မှ ၎င်းတို့၏တာဝန်
များကို မသိမသာလွှဲပြောင်းပေးသည့်သဘောသက်ရောက်နေကြောင်း၊ တာဝန်လွှဲပြောင်းပေးသည်ဟုယူဆရ
ခြင်းမှာဦးဝင်းတင်ဦးဆောင်လာခြင်းကြောင့် NLDအဖွဲ့အနေဖြင့်အင်အားတိုးလာပြီးစည်းလုံးညီညွတ်မှုလည်းအ
တန်အသင့်ရရှိခဲ့ ကြောင်းဦးအောင်ရွှေနှင့်ဦးလွင်ခေါင်းဆောင်စဉ်ကအဖွဲ့ချုပ်သည်စည်းလုံးညီညွတ်မှုပြိုကွဲနေ
ကြောင်း၊ထိုပုဂ္ဂိုလ်(၂)ဦးသည်ယ္ခုအခါကျန်းမာရေးအကြောင်းပြ၍တဖြည်းဖြည်းနောက်ဆုတ်သွားနိုင်ကြောင်း၊ ထိုသို့နောက်ဆုတ်သွား ရခြင်းမှာလည်း အာဏာပိုင်အဖွဲ့အစည်းများမှဖိအားအလွန်အကျွံပေးလာသည့်အခါ ရှောင်လွှဲလိုသည့်သဘောဖြစ်နိုင်ကြောင်း၊ ဦးဝင်းတင်၏လုပ်ဆောင်ချက်သည်တိကျပြတ်သားသဖြင့်တစ်ချိန်
ချိန်တွင်ထိပ်တိုက်ရင်ဆိုင်မှုပေါ်လာနိုင်သည်ကိုစိုးရိမ်၍ဦးအောင်ရွှေနှင့်ဦးလွင်သည်နောက်ကွယ်တွင်သာရပ်
တည်လိုပြီးဦးဝင်းတင်တို့အဖွဲ့အားရှေ့သို့တွန်းပို့ခြင်းဖြစ်နိုင်ကြောင်း၊လက်ရှိဦးဝင်းတင်သည်တိုင်းနှင့်ပြည်နယ်၊
မြို့နယ်၊ကျေးရွာများရှိNLDရုံးများကိုပြန်လည်ဖွင့်လှစ်ခွင့်ရရန်နအဖထံ(၁၀.၁၀.၀၈ရက်စွဲနှင့်ထုတ်ပြန်၍တောင်း
ဆိုနေကြောင်းဖွင့်လှစ်ခွင့်မရပါကNLDပါတီသည်တရားဝင်အတိုက်အခံပါတီကြီးတစ်ခုဖြစ်သည့်အတွက်မိမိသ
ဘောဆန္ဒအလျောက်ဖွင့်လှစ်မှာဖြစ်ကြောင်း၊ထိုအခါအာဏာပိုင်အဖွဲ့အစည်းနှင့်ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပေါ်လာ
မည်မှာမုချဖြစ်ကြောင်း၊ရှေ့လျှောက်နိုင်ငံရေးအကြပ်အတည်းများပိုမိုဖြစ်ပေါ်လာနိုင်သည်ဟုဝေဖန်ပြောဆို
လျှက်ရှိကြောင်းသိရှိရသည်။
မင်းနိုင်

No comments: