Wednesday 29 October 2008

တစ်ချက်လောက်ငဲ့ကြည့်ကြပါအုံး

ဧရာဝတီတိုင်း၊ဒေးဒရဲမြို့နယ်အနီးရှိပင်လယ်နှင့်နီးသောအနောက်ဖက်တိုးရွာနှင့်ဆားကျင်း
ကျေးရွာများရှိ ပြည်သူများသည် အစားအစာပြတ်လပ်မှုနှင့် ဒုက္ခများစွာရင်ဆိုင်နေရပြီးအ
ဆိုပါကျေးရွာများသို့အစိုးရကယ်ဆယ်ရေးအဖွဲ့များ၊ကုလသမဂ္ဂနှင့်နိုင်ငံတကာNGOအဖွဲ့အ
စည်းများလာရောက်ခြင်းမရှိကြောင်း၊အနောက်ဘက်တိုးကျေးရွာတွင်မိသားစုဝင်ပေါင်း(၆၀၀)
ခန့်နှင့်ဆားကျင်းကျေးရွာတွင်မိသားစုဝင်ပေါင်း(၄၀၀)ခန့်လက်ရှိနေထိုင်လျှက်ရှိကြောင်းနှင့် ၎င်းကျေးရွာများရှိလူထုသည်ပြည်တွင်းပုဂ္ဂလိကများ၏လှူဒါန်းမှုဖြင့်သာရပ်တည်နေရကြောင်း
သိရသည်။အဆိုပါကျေးရွာများ၏လယ်မြေများမှာလည်းဆားငံရေ၀င်ရောက်၍သုံးမရသေး
ကြောင်း၊ရေလုပ်ငန်းဖြင့်သာအသက်မွေးဝမ်းကျောင်းမှုပြုနေရကြောင်း၊သို့ဖြစ်၍ဆန်စပါးအပါ
အင်စားနပ်ရိက္ခာများလိုအပ်လျှက်ရှိကြောင်းသိရသည်။အနောက်ဘက်တိုးကျေးရွာရှိမဟာသိမ်
ဘုန်းတော်ကြီးကျောင်းမှမိဘမဲ့ခလေး(၉၆)ဦးကိုကျွေးမွေးစောက်ရှောက်ထားကြောင်းသိရသည်။

မင်းနိုင်

Monday 27 October 2008

ငုဝါကလေး တရားရလိုက်ပြီ

ရွှေရည်ပိတောက်
နေခြည်ပျောက်မှာ
ဝင်းလက်တောက်ပ
မာန်မာနနဲ့
ချေဖျားထောက်ခါ
ငုဝါကလေး
ညီပုလေးဟု
ပြစ်တင်နှိပ်ချ
ဟားတိုက်ပြတော့
ငုဝါကလေး ပြုံးလျက်ပင် ……။
သကောင့်သားတို့
ပင်ဖျားထိပ်တက်
မောဟရမက်
လောဘဖက်၍ ချိုးဖျက်ချွေချ
ပွင့်ကြေရပြီ
ပိတောက်မျက်ရည် ကျခဲ့ပေါ့ ……။
အော် ရှင်တော် ဗုဒ္ဓ
ဆိုဆုံးမသည်
အနိစ္စ - အမြဲမရှိ၊ ဒုက္ခ ဆင်းရဲခြင်း
အနတ္တ - အစိုးမရပါလား
ငုဝါကလေး တရားရလိုက်ပြီ ……။
(နာနတ်မြေ-သစ္စာနီ)

Thursday 23 October 2008

ရေဆန်မှာ လေထန်ကို ဖြတ်သန်းခြင်း

စဉ်းစားပါ
စကားပြောမယ်

ဝင်္ကဘာ

နောက်ဆုံးတော့ ထွက်ပေါက်ရသွားတယ်

ပိတ်နေတဲ့ တံခါးဟာ

ပွင့်လာမှာပေါ့

စိတ်မရှည်နိုင်တာက

ကိုယ်ညံ့လို့

ဇွဲကြီးပါ သတ္တိရှိပါ

ရေဆန်မှာ လေထန်ကို ကြုံတော့

လောကဓံဆိုတာ

ခံနိုင်ရည်ရှိသူတို့ရဲ့

အောင်ပွဲပေါ့…..

(နာနတ်မြေ-သစ္စာနီ)

ကိုယ့်"အား" ကိုသူ့"အား" အဖြစ်ခံမလားNLD

ဗဟိုလူငယ်အောက်မြန်မာပြည်လူငယ်တာဝန်ဟောင်းခင်ထွန်းဦးဆောင်သည့်လူငယ်အဖွဲ့ဝင်(၁၀၉)ဦးနှုတ်ထွက်

ခြင်းသည်NLDပါတီအတွက်ကောင်းသည့်လက္ခဏာမဟုတ်ပါဘူး။စစ်အစိုးရနဲ့နိုင်ငံရေးအရအားပြိုင်နေစဉ်ဤကဲ့သို့

တက်ကြွသည့်လူငယ်မျိုးဆက်သစ်များလူကြီးများနှင့်သဘောထားမတိုက်ဆိုင်၍လမ်းခွဲခြင်းမှာလုံးဝမဖြစ်သင့်သည့်

ကိစ္စတစ်ခုဖြစ်ပါတယ်။’’နွားကွဲလျှင်ကျားဆွဲမည်’’ဟူသောမြန်မာစကားပုံရှိပါတယ်။ယ္ခုကဲ့သို့ခင်ထွန်း၊ထွန်းဇော်ဇော်

နှင့်နေခြည်ဝင်းတို့ဦးဆောင်သည့်လူတစ်ရာကျော်ခွဲထွက်သွားခြင်းမှာအလွန်ပင်အန္တရာယ်ကြီးလှပါတယ်။NLDဥက္ကဌ

ဦးအောင်ရွှေမှ“လူတစ်ရာမကလို့လူသုံးရာထွက်သွားလည်းဂရုမစိုက်ဘူး”ဟုဆိုခြင်းမှာတရားလက်လွတ်ပြောဆိုခြင်း

ဟုယူဆမိပါတယ်။ခေါင်းဆောင်တစ်ဦးအနေဖြင့်အမြော်အမြင်ကြီးသင့်ပါတယ်။ခင်ထွန်းဦးဆောင်သည့်လူငယ်

အဖွဲ့ဝင်(၁၀၉)ဦးဟာNLDပါတီရဲ့အတွင်းသိတွေပါ။NLDပါတီမှာနှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့သူတွေဖြစ်တယ်ဆို

တာမေ့ထားလို့မရပါဘူး။သာဓကအနေနဲ့NLDအဖွဲ့ချုပ်လူငယ်ရုံးခန်းအတွင်းကအဖွဲ့ချုပ်နဲ့သက်ဆိုင်တဲ့စာရွက်စာတမ်း

၊ဓါတ်ပုံမှတ်တမ်း၊ဗွီဒီယိုမှတ်တမ်းတွေကိုခင်ထွန်းတို့အဖွဲ့ကယူဆောင်သွားတဲ့အတွက်(၂၀၊၁၀၊၀၈)ရက်နေ့မှာရုံးအဖွဲ့မှူး

ဦးဝင်းမြင့်ကပြန်တောင်းနေရပါတယ်။ဒါ့အပြင်ဒီထက်အရေးကြီးတဲ့Dataအချက်အလက်ပေါင်းများစွာပါမသွားဘူးလို့

ဘယ်သူအာမခံနိုင်မှာလဲ။စစ်အစိုးရကလည်းဒီအကွက်ကိုချောင်းနေတာ။သူတို့ရဲ့နည်းဗျူဟာကအကိုင်းအခက်တွေအရင်

ရှင်းပြီးမှပင်စည်ကိုလှဲမှာမဟုတ်လား။အင်အားနည်းအောင်အရင်သွေးခွဲမယ်၊ကိုယ့်လူဖြစ်အောင်စည်းရုံးမယ်။ပြီးရင်အိမ်

ကြက်ချင်းအိုးမဲသုတ်ပြီးပြန်ခွတ်ခိုင်းမယ်။”ယာလည်းညက်စေ၊ကြက်လည်းမောစေ”လုပ်ပြီးကြက်နှစ်ကောင်လုံးမောမှ နှစ်ကောင်လုံးကိုရိုက်မယ်ပေါ့။ထင်ရှားတဲ့သာဓကတွေက၈၈အဖွဲ့ကနေအေးလွင်တို့အဖွဲ့ကိုခွဲထုတ်တာ၊KNUကနေ DKBAကိုခွဲထုတ်ပြီးပြန်တိုက်ခိုင်းတာတွေပါဘဲ။အခုဆိုရင်ခင်ထွန်းတို့အဖွဲ့ကိုစည်းရုံးဖို့ချောင်းနေလောက်ပြီ။ခင်ထွန်း

တို့ကလည်းရွေးကောက်ပွဲဝင်မယ်ဆိုပြီးလူငယ်တွေကိုလိုက်စည်းရုံးပြီးတစ်စင်ထောင်နေတယ်ဆိုတော့အံ့ကိုက်ပေါ့။

မျိုးညွှန့်၊လှဦးနဲ့အေးထွန်းတို့ကလည်းနေရာရပြီဆိုတာနဲ့(၂၀၊၁၀၊၀၈)၀၉း၃၀ချိန်မှာခင်ထွန်းတို့နေခဲ့တဲ့ရုံးခန်းကိုပြန်

ရှင်းပြီး၎င်းတို့ရုံးခန်းအဖြစ်ကြေငြာဖွင့်လှစ်ရတာနဲ့အစည်းဝေးခေါ်ရတာနဲ့အလုပ်တွေရှုပ်ပြနေလိုက်ကြတာ။တကယ့်

အန္တရာယ်ကိုမမြင်ကြဘူး။မျက်ကန်းတစ္တေမကြောက်ဆိုတဲ့အတိုင်းဘဲ။တကယ်ဆိုရင်ခင်ထွန်းဦးဆောင်တဲ့အဖွဲ့ဟာ NLDကိုသာနှုတ်ထွက်စာတင်ထားပေမဲ့ရွေးကောက်ပွဲကော်မရှင်ကိုနှုတ်ထွက်စာပေးပို့ထားခြင်းမရှိသေးဘူးလို့သိရပါ

တယ်။သူ့အားကိုကိုယ့်အားဖြစ်အောင်တောင်မှစည်းရုံးရအုံးမှာပါ။(သားသုံးသားစည်းရုံးရေးတို့ဘာညာတို့ပေါ့)။အခု

ဟာကကိုယ့်အချင်းချင်းတွေဘဲဗျာပြန်ညှိရတာအဲ့ဒီလောက်ခက်မယ်မထင်ပါဘူး။အခိုက်အတန့်သဘောထားကွဲလွဲ

ကြတာပဲ။နအဖနဲ့ပေါင်းမိသွားရင်တော့ရှေ့ရေးဟာရင်လေးစရာတွေဖြစ်လာပါလိမ့်မယ်။NLDပါတီဟာပြည်တွင်းမှာ

သာမကပြည်ပမှာရောက်ရှိနေကြတဲ့အဖွဲ့အစည်းတွေအားလုံးနီးပါးရဲ့အဓိကမဏ္ဍိုင်ပါပဲ။NLDရဲ့ပြိုလဲခြင်းဟာသူတို့တွေ

ရဲ့အနာဂါတ်ပြိုလဲခြင်းပါပဲ။မြန်မာပြည်သူတွေရဲ့ဒီမိုကရေစီအိမ်မက်ပျက်ပြယ်ခြင်းပါဘဲ။အမှိုက်ကစပြဿဒ်မီးလောင်နိုင်

ပါတယ်။အဲ့ဒါကြောင့်ယ္ခုဖြစ်ပေါ်နေသောကိစ္စအားအလေးထားပြီးအကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ကြပါရန်နှိုးဆော်

အပ်ပါတယ်။

မင်းနိုင်

Monday 20 October 2008

ရွှေပြည်သာမြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ပွား

၂၀၀၈ခုနှစ် အောက်တိုဘာလ (၉)ရက် ညနေ ၅း၃၀ အချိန်တွင် ရွှေပြည်သာမြို့နယ် (၁၈)ရပ်ကွက် ရေပြာလမ်းသွယ် အိမ်အမှတ် (၂၉၈/က)တွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားကြောင်း သိရှိရသည်။ဖြစ်ပွားပုံမှာဦးမြအုန်း၏သားဖြစ်သူ သက်ဦးဝင်း(၃၅)နှစ်သည်ဘုရားကြေးပန်း အိုးတစ်ခုအတွင်း ယမ်းထည့်ပြီး ဒီတိုနေတာ တပ်ဆင်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ခြေ၊ လက် များပြတ်ပြီး ဦးနှောက်ပွင့်ထွက်၍ ပွဲချင်းပြီး သေဆုံးခဲ့သည်။ ပေါက်ကွဲသံကြောင့် BE တပ်ဖွဲ့များ ရောက်ရှိ၍ ရှာဖွေစစ်ဆေးရာ အိမ်နံရံကြားမှ ဒီတိုနေတာ (၆)လုံး၊ ဘုရားပန်းအိုးအတွင်းမှ ဒီတိုနေတာ(၂)လုံး ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ နအဖမှ၎င်း၏ဖခင်ဖြစ်သူ ဦးမြအုန်းအား စစ်ဆေးမေးမြန်းရန် ဖမ်းဆီးသွားကြောင်း သိရသည်။

မင်းနိုင်


Saturday 18 October 2008

ကြွေသွားသော ကြယ်များကိုယ်စား

ဘ၀ရဲ့ အချိန်ဇယားတွေ
ပုတ်သိုး ကုန်အောင်
မာယာညပေါင်းများစွာနဲ့
ကဝေသည် ပြုစားလို့ထားပေမဲ့
ဖုန်ဆိုး မျက်ရိုင်း တွေကို
ခုတ်ထွင်ရှင်းလင်းပြီး
ယွီကုန်း တောင်ဖြိုနည်းနဲ့
ဒို့လျှောက်လာလိုက်တာ
အတော်ခရီးရောက်ခဲ့ပြီ
အားတင်းလိုက်စမ်းပါ
ရဲရင့်ခြင်းရဲ့ ကြယ်စုများ
လင်းလက်ခြင်းရဲ့ ကြယ်စုများ

(သစ္စာနီ-နာနတ်မြေ)

Friday 10 October 2008

ဝါရင့် နိုင်ငံရေးသမားကြီးများ၏ လက်တလောNLD ပါတီနှင့်ပါက်သက်၍ဝေဖန်နေမှုများ

လက်ရှိ NLD အဖွဲ့ချုပ်သည် စည်းရုံးရေးအင်အားတိုးတက်လာသည်ဟု ဆိုနိုင်သော်လည်း တစ်ဘက်တွင် CEC အဖွဲ့သို့ရောက်ရှိလာသောဦးဝင်းတင်ခေါင်းဆောင်သည့်အုပ်စုအပေါ် ဦးအောင်ရွှေနှင့် ဦးလွင်မှ ၎င်းတို့၏တာဝန်
များကို မသိမသာလွှဲပြောင်းပေးသည့်သဘောသက်ရောက်နေကြောင်း၊ တာဝန်လွှဲပြောင်းပေးသည်ဟုယူဆရ
ခြင်းမှာဦးဝင်းတင်ဦးဆောင်လာခြင်းကြောင့် NLDအဖွဲ့အနေဖြင့်အင်အားတိုးလာပြီးစည်းလုံးညီညွတ်မှုလည်းအ
တန်အသင့်ရရှိခဲ့ ကြောင်းဦးအောင်ရွှေနှင့်ဦးလွင်ခေါင်းဆောင်စဉ်ကအဖွဲ့ချုပ်သည်စည်းလုံးညီညွတ်မှုပြိုကွဲနေ
ကြောင်း၊ထိုပုဂ္ဂိုလ်(၂)ဦးသည်ယ္ခုအခါကျန်းမာရေးအကြောင်းပြ၍တဖြည်းဖြည်းနောက်ဆုတ်သွားနိုင်ကြောင်း၊ ထိုသို့နောက်ဆုတ်သွား ရခြင်းမှာလည်း အာဏာပိုင်အဖွဲ့အစည်းများမှဖိအားအလွန်အကျွံပေးလာသည့်အခါ ရှောင်လွှဲလိုသည့်သဘောဖြစ်နိုင်ကြောင်း၊ ဦးဝင်းတင်၏လုပ်ဆောင်ချက်သည်တိကျပြတ်သားသဖြင့်တစ်ချိန်
ချိန်တွင်ထိပ်တိုက်ရင်ဆိုင်မှုပေါ်လာနိုင်သည်ကိုစိုးရိမ်၍ဦးအောင်ရွှေနှင့်ဦးလွင်သည်နောက်ကွယ်တွင်သာရပ်
တည်လိုပြီးဦးဝင်းတင်တို့အဖွဲ့အားရှေ့သို့တွန်းပို့ခြင်းဖြစ်နိုင်ကြောင်း၊လက်ရှိဦးဝင်းတင်သည်တိုင်းနှင့်ပြည်နယ်၊
မြို့နယ်၊ကျေးရွာများရှိNLDရုံးများကိုပြန်လည်ဖွင့်လှစ်ခွင့်ရရန်နအဖထံ(၁၀.၁၀.၀၈ရက်စွဲနှင့်ထုတ်ပြန်၍တောင်း
ဆိုနေကြောင်းဖွင့်လှစ်ခွင့်မရပါကNLDပါတီသည်တရားဝင်အတိုက်အခံပါတီကြီးတစ်ခုဖြစ်သည့်အတွက်မိမိသ
ဘောဆန္ဒအလျောက်ဖွင့်လှစ်မှာဖြစ်ကြောင်း၊ထိုအခါအာဏာပိုင်အဖွဲ့အစည်းနှင့်ထိပ်တိုက်ရင်ဆိုင်မှုဖြစ်ပေါ်လာ
မည်မှာမုချဖြစ်ကြောင်း၊ရှေ့လျှောက်နိုင်ငံရေးအကြပ်အတည်းများပိုမိုဖြစ်ပေါ်လာနိုင်သည်ဟုဝေဖန်ပြောဆို
လျှက်ရှိကြောင်းသိရှိရသည်။
မင်းနိုင်

မျိုးဆက်သစ်လူငယ်များအစည်းအရုံး(GW) ၏ ဆန့်ကျင်စာတွေ့ရှိမှုဖြင့် လူ(၃)ဦးကိုရဲကဖမ်း

သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဈေးကားမှတ်တိုင်အနီးတွင် သာကေတမှမြောက်ဒဂုံပြေးဆွဲသည့် (၄၁)အစိမ်း၊ ယာဉ်အမှတ်(စ/၆၉၂၇)အား သင်္ဃန်းကျွန်းရဲစခန်းမှ တာဝန်ကျရဲများမှစစ်ဆေးရာ ယာဉ်ရှေ့၊ နောက်မှမျိုးဆက်သစ်လူငယ်များအစည်းအရုံးတံဆိပ်ပါ ဆန့်ကျင်စာရွက်စုစုပေါင်း (၁၂၀)ကျော်ခန့်အားတွေ့ရှိသဖြင့်ယာဉ်နှင့်ယာဉ်ပေါ်တွင်ပါသောအောက်ပါခရီးသည်များအားသင်္ကာမ
ကင်းမှုဖြင့်ဖမ်းဆီးသွားကြောင်းသိရသည်-
(၁) ကိုကိုလွင်
(၂) သက်နောင်စိုး
(၃) ထွန်းထွန်းနိုင်
ယာဉ်မောင်းမှာ ဦးသိန်းဌေးအောင် ဖြစ်ကြောင်းသိရသည်။

မင်းနိုင်

မျိုးဆက်သစ်လူငယ်များအစည်းအရုံး(GW) ၏ ဆန့်ကျင်စာဖြန့်ကြဲလှုပ်ရှားမှု

၂၀၀၈ခုနှစ်အောက်တိုဘာလ(၉)ရက်(၀၉၀၀)နာရီတွင်မရမ်းကုန်းမြို့နယ်၊ရန်ကုန်_အင်းစိန်
လမ်း၊BPIမှတ်တိုင်အနီးတွင်လည်းကောင်း၊(၀၉၀၀)နာရီတွင်သုဝဏ္ဏ(၂၉)ရပ်ကွက်၊မီးဒုံးလမ်း
ကားမှတ်တိုင်အနီးတွင်လည်းကောင်း၊(၀၉၁၅)အချိန်တွင်နာရီတွင်သုဝဏ္ဏ(၂၉)ရပ်ကွက်၊
ပေါ်ဆန်းမွှေးကားမှတ်တိုင်အနီးတွင်လည်းကောင်း၊ (၀၉၁၅)နာရီတွင်ကျောက်တံတားမြို့
နယ်၊အမှတ်(၃)ရပ်ကွက်၊ပန်းဆိုးတန်းဂုံးကျော်တံတားပေါ်တွင်လည်းကောင်း၊(၀၅၀၀)အချိန်
တွင် ကျိုက္ကဆံအနောက်ရပ်ကွက် ရတနာလမ်းနှင့် သုမင်္ဂလာလမ်းဆုံ၌လည်းကောင်း မျိုးဆက်
သစ်လူငယ်များအစည်းအရုံး(GW)တံဆိပ်ပါ“ဆင်းရဲဒုက္ခအပေါင်းကင်းဝေးစေရမည်”ဟုရေး
သားထား သော စာရွက်များကြဲခဲ့ကြောင်းသိရှိရသည်။

Tuesday 7 October 2008

ကြိုးကြာဖြူအထည်ချုပ်စက်ရုံနှင့် ဒဂုံဝင်းအထည်ချုပ်စက်ရုံတို့တွင် ဆန္ဒပြမှုဖြစ်ပွား

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုံ၊မင်းကြီးမဟာမင်းခေါင်လမ်း၊အမှတ်
(၂၇၂/၂၇၃)ရှိ ဒေါ်ကျင်ကျင်မြင့်ပိုင်ဆိုင်သောကြိုးကြာဖြူအထည်ချုပ်စက်ရုံ၌ အလုပ်
သမားကျား(၄)ဦး၊ မ(၉၃)ဦး စုစုပေါင်း(၉၇)ဦးသည် ၂၀၀၈ ခုနှစ် အောက်တိုဘာလ(၇)
ရက်နေ့ ၀၈း၃၀ချိန်တွင် လခတိုးမြှင့်ရေးကိစ္စနှင့်ပက်သက်၍ စက်ရုံအတွင်းဝင်ရောက်မှု
မရှိဘဲဆန္ဒပြခဲ့ကြောင်းသိရှိရသည်။အလားတူလှိုင်သာယာမြို့နယ်၊သံလွင်လမ်းနှင့် ပတ္တမြား
လမ်းထောင့်၊ အမှတ်(၅/၃၁၃)ရှိဦးအောင်ချိုဦးပိုင်ဆိုင်သောဒဂုံဝင်းအထည်ချုပ်စက်ရုံ၌
အလုပ်သမားစုစုပေါင်း(၇၀)ဦးသည်၂၀၀၈ခုနှစ်အောက်တိုဘာလ(၇)ရက်၀၈၀၀နာရီတွင်
အထည်ချုပ်စက်ရုံရှေ့၌ စက်ရုံအတွင်းဝင်ရောက်မှုမရှိဘဲ လခတိုးမြှင့်ရေးကိစ္စနှင့်ပက်သက်
၍ ဆန္ဒပြခဲ့ကြောင်းသိရှိရသည်။

မင်းနိုင်

Monday 6 October 2008

မြောက်ဥက္ကလာပမြို့ နယ် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ နှစ်(၂၀)ပြည့် အခမ်းအနား ကျင်းပ

၂၀၀၈ခုနှစ် အောက်တိုဘာ (၅)ရက်နေ့ (၁၂၃၅)ချိန်မှ (၁၄၃၀)ချိန်ထိ မြောက်ဥက္ကလာပမြို့နယ၊်
(ဇ) ရပ်ကွက် ၊ မေဓါဝီလမ်း၊ အမှတ်(၃၉၂)၌ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ နှစ်(၂၀)ပြည့်အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။ သဘာပတိအဖြစ်ဦးအောင်သန်း နှင့် အခမ်း
နားမှူးအဖြစ် ဦးဌေးမြင့် တို့ကပြုလုပ်ခဲ့ကြပြီး ပါတီဝင်များဖြစ်သောဦးခင်လှိုင် ၊ ဦးသိန်းမြင့်၊ ဦးညွန့်၊ ဒေါ်တင်အုန်းဆွေ၊ ဒေါ်ကျင်မွှေး၊ ဒေါ်ချစ်၊ ဒေါ်လဲ့လဲ့တို့ အပါအ၀င်အင်အား(၈၀) ဦးခန့်တက်ရောက်
ခဲ့ကြသည်။ ၎င်းအခမ်းအနားတွင် အဓိက ပြောဆိုသည့် အချက်များမှာ “နိုင်ငံတော်အခြေခံ ဥပဒေမူ
ကြမ်း အတည်ပြုပြီးဖြစ်တဲ့အတွက်လာမည့်ရွေးကောက်ပွဲတွင် ပါတီတစ်ခုအနေဖြစ်ဝင်ရောက်အရွေး
ခံမည်ဖြစ်၍ ပါတီအောင်နိုင်ရေးအတွက်ချမှတ်ထားသော လုပ်ငန်းစဉ်များကို တစိုက်မတ်မတ် ယခင်
ကထက် ပိုမိုကြိုးစားဆောင်ရွက်သွားရန်လိုကြောင်း” ပြောကြားခဲ့သည်။ သို့ဖြစ်၍ NLD ပါတီအနေဖြင့်
လူကြီးလူငယ် စိတ်ဝမ်းကွဲနေမှုများ၊ စည်းလုံးညီညွှတ်ရေးပျက်ပြားနေမှုများ ဖြင့် အချိန်ကုန်မခံတော့ဘဲ တစ်စည်းတစ်လုံးတည်း ၀န်းရံ၍ပန်းတိုင်အရောက်ချီတက်ရန်အချိန်ရောက်ပြီဖြစ်ကြောင်းနှိုးဆော်သတိ
ပေးအပ်ပါသည်။

မင်းနိုင်

ရွှေသာယာ ကားထုတ်လုပ်ရေး အလုပ်ရုံတွင် အလုပ်ရှင် အလုပ်သမား ပဋ္ဋိပက္ခဖြစ်

လှိုင်သာယာမြို့ နယ်၊ စက်မှုဇုံ (၂) ၊ ဦးချိန်လမ်း၊ အမှတ်(၈၆)ရှိ၊ ဦးခင်မောင်စန်း (၄၄)နှစ်ပိုင်
ရွှေသာယာ ကားထုတ်လုပ်ရေး အလုပ်ရုံတွင် အလုပ်သမား ဒေါ်ခင်သဉ္စာအောင်ပါ (၉)ဦးသည်
အလုပ်ရှင်၏ ဖိနှိပ်မှုများ မခံနိုင်သဖြင့် အလုပ်မဆင်းရာမှ စတင်၍ ပဋ္ဋိပက္ခ ဖြစ်ပွားခဲ့ပြီးလှိုင်သာ
ယာ အလုပ် သမားကြီးကြပ်ရေးကော်မတီထံ နစ်နာကြေးရလိုကြောင်းတိုင်ကြားခဲ့ရာအလုပ်ရှင်
မှ အလုပ်ရပ်ဆဲမှုနှင့် နစ်နာကြေးအဖြစ်ငွေ (၁၁၂၉၉၀၀) ကျပ်အား (၇ .၁၀ .၂၀၀၈)တွင်လျော်
ကြေးပေးဆောင်ပါမည်ဟု ကတိပြုပြီးကျေအေးခဲ့ကြောင်းသိရှိရသည်။

မင်းနိုင်

နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများခဲ့သော ဒေသများတွင် ကယ်ဆယ်ရေးပစ္စည်း များပြတ်လပ်

မြန်မာ့သမိုင်းတွင် မှတ်တမ်းတင်လောက်အောင် အသက်အိုးအိမ်း စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု
များခဲ့သော နာဂစ်မုန်တိုင်းဒဏ်ခံရသည့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းရှိ မြို့ နယ်များတွင်
နိုင်ငံတကာမှ အလှူရှင်များနှင့် ပြည်တွင်းမှ အလှူရှင်များ၏ ကယ်ဆယ်ရေးလုပ် ငန်းများသည်
ယခုအခါ မရှိသလောက်နည်းပါးသွားပြီဖြစ်သည်။ သို့ ဖြစ်၍ နာဂစ်ဒဏ်ခံဒေသများရှိ ပြည်သူ
လူထုမှာ အစားအစာမလုံလောက်ခြင်း၊ သန့်ရှင်းသောသောက်သုံးရေ မရရှိမှုများနှင့် ကြုံတွေ့နေ
ရလျှက်ရှိသည်။ လယ်မြေဧကများစွာမှာလည်း စိုက်ပျိုးရန်အတွက် ယနေ့အထိ အခက်အခဲ အမျိုး
မျိုးနှင့် ရင်ဆိုင်နေရသည်။ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များအဟာရချို့တဲ့၍ရောဂါမျိုး
စုံဝင်ရောက်လာပြီးအသက်အန္တရာယ်အားခြိမ်းခြောက်လျှက်ရှိပေသည်။နအဖဘက်မှလည်းထိရောက်
သောအထောက်အပံ့များလည်းမရတော့ကြောင်းသိရသည်။ သို့ဖြစ်၍ပြည်တွင်း၊ပြည်ပမှ အလှူရှင်
များ လူမှုရေးအသင်းအဖွဲ့များ အနေဖြင့် ဒေသခံ ပြည်သူများ အသက် မွေးဝမ်းကျောင်းမှုလုပ်ငန်း ပြုလုပ်နိုင်သည်အထိ ကူညီဖေးမစောင့်ရှောက်ပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။

မင်းနိုင်

ရွှေပြည်သာ ဗုံးပေါက်ကွဲမှုတွင် ပါဝင်ပါတ်သက်သူများကို ရုံးထုတ်စစ်ဆေး

၂၀၀၈ခုနှစ် အောက်တိုဘာလ (၆)ရက်နေ့ ၁၀း၄၅ အချိန်တွင် ရန်ကုန်မြောက်ပိုင်းခရိုင်
တရားရုံး ၌ HRDP ဦးမြင့်အေး၊ ထန်းတပင်NLD လူငယ် ရန်ရွှေ၊ ရွှေပြည်သာNLD လူငယ်
ဟောင်း ဇော်ဇော်အောင်တို့အား“ပေါက်ကွဲစေတတ်သော အရာဝတ္ထုများဆိုင်ရာအက်ဥပဒေ
ပုဒ်မ-(၃) ”အရတရားစွဲဆို ရုံးထုတ်ခဲ့ကြောင်းနှင့် လှိုင်သာယာNLDဥက္ကဌဦးမင်းနိုင်အပါအ၀င်
ဆွေမျိုး မိသားစုများ လာရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

မင်းနိုင်

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးလှဖေ နှင့် ဦးလွန်းတင်တို့ ကျမ္မာရေး အခြေအနေအရ ပါတီမှ အနားယူတော့မည်

(၂၃ .၉ .၂၀၀၈)ရက်နေ့တွင်ထောင်မှလွတ်ပြီး NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တာဝန် ပြန်လည်ထမ်းဆောင်တော့မည့် ဦးခင်မောင်ဆွေနှင့် ဦးဝင်းတင်တို့ ပါတီတွင် ပြန်လည်ရောက်
ရှိလာသဖြင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အင်အား ပြန်လည်ကောင်းမွန်လာသောကြောင့်
ကျမ္မာရေး ကောင်းမွန်ခြင်းမရှိသော ဦးလှဖေနှင့် ဦးလွန်းတင်တို့ နှစ်ဦးသည် ပါတီမှ အနားယူ တော့မည်ဖြစ်ကြောင်းသိရှိရသည်။

မင်းနိုင်

Sunday 5 October 2008

အမေသို့

အမေ ……
လောကဓံ တရားရဲ့
ဒဏ်ရာ ဒဏ်ချက်တွေကို
အမေ ……
ခါးဆီးရင်ကော့
ခံစားနေရတာ
ဘာကြောင့်ဆိုတဲ့ အဓိပါယ်
အမေ့သား နားလည်ပါတယ် အမေ ……
စိန်ကျောက်ပတ္တမြားတွေ တထိန်ထိန်လင်းနေပေမဲ့
စိန်နားကပ်ရောင်နဲ့ ပါးပြောင်တဲ့ ဘ၀ကို အမေမမက်မောဘူး
သဖန်းသီးလို လှပြီး ခွဲကြည့်တော့
အထဲမှာ ပိုးတွေနဲ့ ဘ၀ကို မလိုချင်ဘူး
ဒူးရင်း သြဇာလို ဂုဏ်ပုဒ်
စန္ဒကူးလို မွှေးတဲ့ဘ၀နဲ့
အမေလောကကို အလှဆင်ချင်တယ်
အမေ့ဆန္ဒ အမေ့ဘ၀ကို
ပေးဆပ်ခြင်း ရွှေအိုရောင် အချိန်များနဲ့
မွတ်သိပ်စွာ ဂုဏ်ယူနေတဲ့
အမေရယ် …အမေ့သားကျနော်ဖြစ်ရတာ ဂုဏ်ရှိလေစွ ၊ဂုဏ်ရှိလေစွ
အမေ အသက်ရာထောင်ရှည်ပါစေ ……

(သစ္စာနီ-နာနတ်မြေ)

ငါပြောချင်တယ် သူငယ်ချင်း

နိုင်ငံရေးဆိုတာ
ကြောက်လွန်းရင် လူရာမ၀င်ဘူး
မြောက်လွန်းကလည်း ပေါက်တက်တယ် ……
စီးမျှောနေသော သွေးတို့
နေမင်းကသောက်သုံး
အခိုးငွေ့တွေ ဖြစ်သွား
ကောင်းကင်မှာ သန္ဓေတည်
မိုးစက်သွေးတွေ ချွေချ
မြို့ ပြအနှံ့ ရိုးမအနှံ့
ပျံ့ နှံ့လို့သွားခဲ့……
ဂျူလီယက်ဆီဇာ
နပိုလီယံနဲ့ ဟစ်တလာ
ဒါဟာ သမိုင်းပေါ့……
အဟောင်းနဲ့အသစ် ပဋ္ဋိပက္ခ ဖြစ်စဉ်
ကြေးမုံပြင် ထင်သာတဲ့ ပုံရိပ်
စိုးထိပ် ၀ိုးတ၀ါး ကြောက်စိတ်နဲ့မှုံဝါး
ရှောင်လွဲလို့ ရမလားကွယ်……
ဘ၀နဲ့ အသိ ထိမိသောအခါ
သင်ဟာအိပ်ယာမှ လန့်နိုး
သူခိုး သူခိုးနဲ့
တောတိုးတဲ့ ဆင်ကန်း
ဂယောင်ဂတမ်းနဲ့ ယောင်ရမ်းလို့အော်မနေနဲ့……
သီအိုရီဆိုတဲ့ အယူအဆဒဿဆိုတဲ့ အတွေးအခေါ်
ဘေးချော်လို့မနေနဲ့……

မီးနီတော့ ဖြတ်မလို
မီးစိမ်းတော့ ရပ်မလို
ပြောင်းပြန်ကြီးဖြစ်နေတဲ့
သူငယ်ချင်း ……

ဘီယာဘူးခွံ အလွတ်တွေ
အိပ်မက် မက်နေသလား
အသားလွတ် ဆီဘူး
စိတ်ကူးနဲ့ ရူးနေသလား……


သမိုင်းရထား၊ ခုတ်မောင်းသွားပေါ့
ဘီးအောက်မှာ……
စိတ်ကူးယဉ်၊ အသားစတွေ
မွမွကျေ မွမွကျေ ……

ရာသီပေါ်ဖား
တကြွားကြွားနဲ့
မင်းအစား ငါရှက်တယ် ရှက်တယ်
သိပ်ရှက်တယ် သူငယ်ချင်းရယ်။

ရေဆန်မှာ လေထန်ကို ဖြတ်သန်းခြင်း
စဉ်းစားပါ
စကားပြောမယ်
ဝင်္ကဘာ
နောက်ဆုံးတော့ ထွက်ပေါက်ရသွားတယ်
ပိတ်နေတဲ့ တံခါးဟာ
ပွင့်လာမှာပေါ့
စိတ်မရှည်နိုင်တာက
ကိုယ်ညံ့လို့
ဇွဲကြီးပါ သတ္တိရှိပါ
ရေဆန်မှာ လေထန်ကို ကြုံတော့
လောကဓံဆိုတာ
ခံနိုင်ရည်ရှိသူတို့ရဲ့
အောင်ပွဲပေါ့…..
(သစ္စာနီ-နာနတ်မြေ)

Wednesday 1 October 2008

ဒိုင်ယာလော့

တရံသောအခါ၌ မြို့တစ်မြို့တွင်ဆရာဝန်ကြီးတစ်ဦးရှိလေသည်။ အဲ့ဒီဆရာဝန်ကြီးရဲ့အိမ်ရှေ့ကလမ်းဟာ
မကောင်းသောကြောင့် လမ်းသွားလမ်းလာများ မကြာခဏချော် လဲတက်တယ်တဲ့။ဆရာဝန်ကြီးကစဉ်းစား
တယ်…။ငါရဲ့အလုပ်ကဆရာဝန်၊ လူနာတွေ ကိုဆေးကုဖို့တာဝန်ပဲရှိတယ်။ လမ်းပြင်တဲ့အလုပ်ကငါ့အလုပ်
မဟုတ်ဘူး။ ဒါပေမဲ့ ငါနဲ့မဆိုင်ဘူးဆိုပြီးတာဝန်မဲ့စွာနေရင် ငါလည်းတစ်နေ့ကျရင်ချော်လဲလိမ့်မယ်။ဒါကြောင့်
လမ်းပြင်မယ်ဆိုပြီး ပေါက်ပြားနဲ့တူရွင်းကိုကိုင်လိုက်တယ်။ အဲ့ဒီအချိန်မှာသူဖျတ်ကနဲ သတိတစ်ခုရလိုက်
တယ်။ သူလိုပဲလမ်းပြင်မယ်ဆိုပြီး လမ်းကိုတူးဆွတဲ့သူတွေကို စည်ပင်ဝန်ထမ်းတွေကလမ်းဖျက်ဆီးတယ်
ဆိုပြီးဖမ်းဆီးတယ်တဲ့။ သူတို့ကိုယ်တိုင်လည်းမပြင်ဘူး။ပြင်မယ်ဆိုတဲ့သူတွေကိုလည်းဖမ်းတယ်။ လမ်းလည်း
ကောင်းသွားစေချင်တယ်။ အရေးယူလည်းမခံချင်ဘူး။ ကောင်းတာလုပ်တယ်ဆိုတာကိုတဖက်သားကလက်ခံ
စေချင်တယ်။ win & win situation ဖြစ်အောင်ဘယ်လိုလုပ်ရမလဲလို့စဉ်းစားတယ်။ ရုတ်တရက်ပဲဆရာဝန်ကြီး
က အိမ်မှာလုပ်တဲ့မုန့်ကို ဂျိုင့်တစ်ခုထဲထည့်ပြီး စည်ပင်အရာရှိကြီးအိမ်ကို ထွက်လာခဲ့တယ်။ စည်ပင်အရာရှိကြီး
နဲ့တွေတဲ့အခါ မိတ်ဆက်ပြီးအိမ်မှာလုပ်တဲ့မုန့်လာပို့တာဆိုတဲ့အကြောင်း ပြောပြီးရင်းနှီးမှုရအောင်လုပ်လိုက်တယ်။
အတော်လေးရင်းနှီးလာတဲ့အခါမှာ လမ်းကိုပြင်ချင် တယ်ဆိုတဲ့အကြောင်း၊ဒီအတိုင်းရေရှည်ဆက်သွားမယ်ဆိုရင် ရက်ကွက်လူထုဒုက္ခရောက်မယ်ဆိုတဲ့အကြောင်းအကျိုးသင့်အကြောင်းသင့်ပြောတယ်။အဲ့ဒီအခါမှာတော့အရာရှိ
ကြီးကဒါဟာသူ့ကိုကျောတာမဟုတ်ဘူး။တစ်ကယ်လိုအပ်လို့လုပ်တာပါလားဆိုပြီးလမ်းပြင်ဖို့ခွင့်ပြုတဲ့အပြင်လို
အပ်တဲ့အကူအညီတွေပါပေးလိုက်တော့နောက်ဆုံးတော့ရပ်ကွက်လမ်းလေးဟာကောင်းသွားပါတော့တယ်။

မင်းနိုင်

အတ္တကို ခ၀ါချခြင်း

ဇွဲကြီးမာန်ဟုန် ၊ အရှိန်အဟုန်နှင့် ၊ မြေတုံခါတီး
တောင်ကြီးကိုလည်း ဖြိုရန်ကြံခဲ့. . . . . . .. . . .
ဇွဲကြီးမာန်ဟုန် ၊ အရှိန်အဟုန်နှင့် ၊ မြေတုံခါတီး
တောမီးကိုလည်း ဖြတ်ရန်ကြံခဲ့. . . . . . . . . . .
တုံးတိုက်တိုက် ၊ ကျားကိုက်ကိုက်
တိုက်ပွဲရှိမှအောင်ရမယ်
မိုက်ခဲ့တာလည်းကျွန်တော် . . . . . . . . . . . . .
ငယ်မူငယ်သွေး ၊ မာနသွေးနဲ့
သွေးနထင်ရောက် ၊ ခြေဖျားထောက်၍
ကြောက်စိတ်မသီ ၊ ဘာမထီဟု
ဇာနည်ယောက်ျား ၊ ငါတကားဟု
ထားခဲ့မာနအခါခါ. . . . . . . . . . . . . . . . . . . . .
လောကဓံလှိုင်း ၊ ကြမ္မာရိုင်းတို့
ရိုးပြိုင်းကျအောင် ၊ ပွေ့သိုင်းချေဖျက်
ဘ၀ပျက်မှ
ဗုဒ္ဓ ဗုဒ္ဓ သတိရခဲ့
ကျေးဇူးတော်စုံ ၊ ဂုဏ်တော်အနန္ဒနှင့်
ပြည့်စုံတော်မူသော ရှင်မြတ်စွာဘုရား . . . . . . . .
ကိလေသာ ကာမတောမှာ နစ်မျောလို့
ရှင်တော်ဗုဒ္ဓဆိုဆုံးမသည့် ၊ သင်္ခါရကို
အစဉ်ထာဝရမှတ် ၊ မမြဲသည်ကို အမြဲမှတ်လို့
အတ္တလွန်ကဲ တပည့်တော်ဥာဏ်ငမွဲကို
ကာယကံ ၀စီကံ မနောကံ အပြစ်တို့အား
ပျောက်ပါစေခြင်းအလို့ငှာ
သံသရာဝဋ္ဋ်ဆင်းရဲမှ လွတ်မြောက်ရန်ရည်သန်၍
လက်အုပ်မိုး၍ရှိခိုးကန်တော့ပါ ၏ ဘုရား. . . . . .။

(သစ္စာနီ-နာနတ်မြေ)

Monday 29 September 2008

ပျဉ်းမနားသကြားစက်တွင် ၀န်ထမ်းအမျိုးသမီးငယ်များအပေါ်အနိုင်ကျင့် ယုတ်မာမှုများ


စစ်အစိုးရရုံးစိုက်ရာနေပြည်တော်တိုင်းပျဉ်းမနားမြို့ရှိပျဉ်းမနား သကြားစက်တွင်ဝန်ထမ်းအမျိုးသမီးငယ
်များအားအထက်အရာရှိဆိုသူများကယုတ်မာစွာအသုံးချလျှက်ရှိကြောင်းသိရသည်။ယ္ခုလာမည့်ရှေ့လတွင်
သကြားစက်များစတင်လည်ပတ်တော့မည်ဖြစ်သဖြင့်မြန်မာ့ကြံလုပ်ငန်းမှMD(အသွင်ပြောင်း)ဆိုသူများ
သကြားစက်များသို့လာရောက်၍လှည့်လည်စားသောက်ကြတော့မည်ဖြစ်သည်။ထိုအခါတွင်အဆင်သင့်ဖြစ်
စေရန်အတွက်စက်ရုံမှူး၊ဒုစက်ရုံမှူးများ(ကျွန်သဘောက်များ)မှအလိုက်သိစွာဖြင့်(၎င်းတို့စားသောက်ထား
သည်များကိုလျစ်လျှုရှုစေရန်)ပြင်ဆင်လျှက်ရှိပေသည်။နှမချင်းကိုယ်ချင်းမစာစွာဖြင့်စက်ရုံဝန်ထမ်းအမျိုး
သမီးငယ်များအားချော့၍တစ်ဖုံ၊အလုပ်အကိုင်ဖြင့်ခြိမ်းခြောက်၍တစ်လှည့်၊အကြပ်ကိုင်၍တစ်မျိုးဖြင့်ဆောင်
ရွက်လျှက်ရှိပေသည်။အမျိုးကောင်းသမီးများစွာသည်၎င်းမုဆိုးများ၏ကျော့ကွင်းတွင်မိ၍ဘပျက်ခဲ့ရပေါင်း
လည်းများပေသည်။၎င်းတို့အားဝန်ထမ်းများမှပြန်လည်မတိုင်ကြားဝံ့သည်ကိုအခွင့်ကောင်းယူ၍ယ္ခုတစ်ကြိမ်
တွင်လည်းစတင်၍ခြိမ်းခြောက်အကြပ်ကိုင်လျှက်ရှိပေသည်။ငယ်ရွယ်ချောမောလှပသည့်ဝန်ထမ်းမိန်းမပျိုလေး
များအား ၎င်းအရာရှိMDများလာရောက်ရာတွင်သီချင်းဆိုဖျော်ဖြေစေခြင်း၊ညဥ့်နက်သည့်အချိန်၎င်းတို့၏အရက်
ဝိုင်းတွင်အရက်ငှဲ့/အတူထိုင်မှုပြုလုပ်စေခြင်း၊အိပ်ယာအတွင်းနှိပ်နယ်ပေးရန်စသဖြင့်ဂွင်ဖန်လျှက်ရှိပေသည်။
နှမသားချင်းကိုယ်ချင်းမစာကိုယ်ကျိုးအတွက်အကြံပက်စက်စွာဖြင့်လုပ်ဆောင်လျှက်ရှိသည့်ဤတဏှာရမ္မက်
ကောင်များအားတားဆီးမည့်သူမရှိပေ။အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးများလည်းဘယ်ရောက်နေမှန်း
မသိပေ။၎င်းတဏှာရမ္မက်ကောင်များ၏အမည်အားပြည်သူများဒဏ်ခတ်နိုင်စေရန်ဖော်ပြလိုက်ပါသည်-
  1. ဒုစက်ရုံမှူးဦးအေးကို(အင်ဂျင်နီယာ)၊အမှတ်(၃)သကြားစက်၊ပျဉ်းမနားမြို့။
  2. CEဦးဇော်ဇော်လွင၊်အမှတ်(၃)သကြားစက်၊ပျဉ်းမနားမြို့။
(မှတ်ချက်။ အထက်ပါဖြစ်စဉ်သည်စိတ်ကူးယဉ်ရေးဖွဲ့ထားခြင်းမဟုတ်ပါ။သတင်းအမှန်ဖြစ်ကြောင်းရာနှုန်းပြည့်အာမခံပါ
သည်။အဆက်အသွယ်ရှိသူများစုံစမ်းကြည့်ပါ။မခံရပ်နိုင်လွန်းသဖြင့်ရေးသားရခြင်းဖြစ်ပါသည်။)

မင်းနိုင်

ဂုဏ်ယူပါတယ် အဘဦးဝင်းတင်

၂၃।၉।၀၈ ရက်နေ့က အကျဉ်းထောင်မှလွတ်လာသော ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနှင့်ဒေါ်မေ၀င်းမြင့်တို့အားNLD၏နှစ်(၂၀)ပြည့်နှစ်ပတ်လည်အခမ်းတွင်NLDဥက္ကဌ ဦးအောင်ရွှေမှတာဝန်အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။ဦးဝင်းတင်နှင့်ဦးခင်မောင်ဆွေအား၎င်းတို့၏ မူလတာဝန်ဖြစ်သောဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တာဝန်၊ဒေါက်တာသန်းငြိမ်းအား၎င်း၏မူလတာဝန် ဖြစ်သောရန်ကုန်တိုင်းစည်းဒုဥက္ကဌတာဝန်နှင့်ဒေါ်မေ၀င်းမြင့်အားဗဟိုအမျိုးအမီးအဖွဲ့ဒုဥက္ကဌတာဝန်တို့ အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။အဘဦးဝင်းတင်အနေဖြင့်ယ္ခုကဲ့သို့တာဝန်ပေးအပ်မှုကိုဝမ်းမြောက် ကြောင်းနှင့်ကျန်းမာရေးအခြေအနေနှင့်လက်ရှိနိုင်ငံရေးအခြေအနေများကိုလေ့လာရန်ခေတ္တအချိန်ယူပြီးမှသာ ပါတီ၏တာဝန်ကို ထမ်းဆောင်မည် ဖြစ်ကြောင်းသိရသည်။

NLD ရုံးချုပ်၌အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်းနှစ်(၂၀)ပြည့် နှစ်ပတ်လည်အခမ်း အနားကျင်းပပြုလုပ်ခဲ့ခြင်း


NLD ရုံးချုပ်၌ (၂၇.၉.၀၈)ရက်နေ့ (၁၂၀၀)အချိန်မှ (၁၃၀၀)အချိန်အထိအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်းနှစ်(၂၀)ပြည့်နှစ်ပတ်လည်အခမ်း အနားကျင်းပ
ပြုလုပ်ခဲ့ကြောင်းသိရသည်။ ၎င်းအခမ်းအနားတွင်သဘာပသိအဖြစ်ဦးအောင်ရွှေနှင့်
အခမ်း အနားမှူးအဖြစ်ဦးလှသိန်းတို့မှဆောင်ရွက်ခဲ့ကြောင်းသိရသည်။အခမ်းအနား
သို့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များ၊လွှတ်တော်ကိုယ်စားလှယ်များ၊တိုင်းစည်းရုံး
ရေးအဖွဲ့ဝင်များ၊ ဗဟိုအမျိုး သမီးအဖွဲ့ဝင်များ၊မြို့နယ်ပါတီဝင်များ၊မြို့နယ်လူငယ်အဖွဲ့
ဝင်များ၊ ၀ါရင့်လုပ်ဖော်ကိုင်ဖက် များအဖွဲ့မှ သခင်ချန်ထွန်း၊ သခင်သိန်းမောင်၊ သခင်
သိန်းဖေ၊ ဗိုလ်မင်းလွင်၊ ဦးအုန်းမောင်၊ ဦးထွေးမြင့်၊ ဦးခင်မောင်ကြည်၊ ပြည်သူ့လွှတ်
တော်ကိုယ်စားပြုအဖွဲ့မှ ဦးထောင်ခိုထန်း၊ ဦးနိုင်ထွန်းသိန်း၊ ဦးသိန်းဖေ၊ ဦးအေးသာ
အောင်၊ဦးစိုးဝင်း၊ဒီမိုကရေစီပါတီ(ဖျက်သိမ်း)မှဦးသုဝေနှင့်နိုင်ငံခြားသတင်းထောက်များ၊
နိုင်ငံခြားသံရုံးများမှသံတမန်များ စုစုပေါင်းအင်အား (၂၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရပါသည်။၎င်းအခမ်းအနားတွင်အကျဉ်းထောင်မှ လွတ်လာသော ဦးဝင်းတင်၊ ဦးခင်
မောင်ဆွေ၊ဒေါက်တာသန်းငြိမ်းနှင့်ဒေါ်မေ၀င်းမြင့်တို့အားပါတီတာဝန်အသီးသီးပေးအပ်ခဲ့
ပြီးထောင်တွင်း အတွေ့အကြုံများကို ဦးဝင်းတင်၊ ဦးခင်မောင်ဆွေနှင့်ဒေါက်တာသန်းငြိမ်း
တို့မှ နိုင်ငံခြားသံတမန်များအား ပြန်လည်ရှင်းပြ ခဲ့ပါသည်။ရုံးချုပ်ရှေ့တွင်ပါတီဝင်(၂၀)ဦးခန့်
မှ”ဒေါ်အောင်ဆန်းစုကြည်ကျန်းမာပါစေ”ဟုအော်ဟစ်ခဲ့အဖြင့်ထက်ထက်ဦးဝေ၊ညီညီနိုင်၊
အောင်မျိုးလွင်တို့အား အုတ်လမ်းထိပ်တွင်ရဲတပ်ဖွဲ့ဝင်များမှဖမ်းဆီးသွားကြောင်းသိရှိရသည်။

မင်းနိုင်

Saturday 27 September 2008

ရွှေဝါရောင်တော်လှန်ရေးနေ့တွင် ဆူးလေဘုရားအနီးနှင့် တာမွေမြို့နယ်တို့တွင် စာကြဲချမှုသတင်း

ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်နေ့တွင်ဆူးလေဘုရား
တောင်ဘက်မုခ်အနီးနှင့်တာမွေမြို့နယ်၊ကျောက်ကုန်းရပ်ကွက်
အောင်မင်္ဂလာကားမှတ်တိုင်အနီးတွင်(၃၉)ကားအ၀ါရောင်
ယာဉ်အမှတ်-စ/၂၀၄၈ပေါ်မှ စာများကြဲချခဲ့ ကြောင်းသိရှိရသည်။
စာပါအကြောင်းအရာများမှာ- ”ဒါယိကာ၊ဒါယိကာမအပေါင်းတို့ရဲ့
များပြားလှစွာသော ကာယဒုက္ခ၊ စိတ္တဒုက္ခတို့အားမရှုမြင်ရက်တော့
သဖြင့်တိုက်ပွဲဆင်နွှဲခဲ့ကြသောသံဃာတော်များသွေးမြေကျခဲ့သည့်
နှစ်ပတ်လည်နေ့ ၂၆-၀၉-၀၈”ဟုရေးသားထားကြောင်း သိရှိရသည်။

Friday 26 September 2008

“ဘ၀နွေထဲက မီးကျည်ခဲ”

(၈၈) မျိုးဆက်ကျောင်းသားများအား ဂုဏ်ပြုထုတ်ဝေထားသော ကဗျာစာအုပ်မှ အကြိုက်ဆုံးကဗျာတစ်ပုဒ်။

“ဘ၀နွေထဲက မီးကျည်ခဲ”

အမှန်တရား ၊ ငါကိုင်ထား၍
စကားမေတ္တာ ၊ ထားသစ္စာဖြင့်
ဤကားလူ့ရွာ ၊ ဤမှာလူ့ဘုံ
ဖြစ်ရပ်စုံကို ၊ ကြုံဆုံလာရ
ဆုံတွေ့ကလည်း
ဘ၀မုန်တိုင်း ၊ ကြမ္မာရိုင်းတို့
ရိုးပြိုင်းကျအောင်
ငါသေအောင်ဟု
ထုချေထောင်းကြ
ထိုးချေမွလည်း
ဘယ်ကချီ၍
ဘယ်ဆီဘယ်လမ်း
ဘယ်သို့မြန်းမလဲ
စခန်းမသာ ၊ လမ်းမသာလဲ(လည်း)
ဝမ်းမနာပါ
ငါ့မှာသတ္တိ ၊ ရဲရဲရှိ၏။

Thursday 25 September 2008

အင်န်အယ်လ်ဒီ CEC အဖွဲ့ဝင်များနှင့် ရဲချုပ်ခင်ရီ တွေ့ဆုံမှုသတင်း

၂၀၀၈ခုနှစ်စက်တင်ဘာ(၂၅)ရက်နေ့(၁၂၄၅)အချိန်တွင်ပြည်ထဲရေးရုံး၌ရဲချုပ်နှင့်CEC မှ ဦးအောင်ရွှေ၊ ဦးလွင်၊ဦးညွန့်ဝေ၊ဦးစိုးမြင့်၊ဦးလှဖေ၊ဦးသန်းထွန်းတို့တွေ့ဆုံကြောင်းသိရှိရသည်။တွေ့ဆုံရသည့် အကြောင်း အရင်းမှာ NLD၏အထူးကြေငြာချက်အမှတ်(၁၈/၀၉/၀၈)ပါဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံခြင်း ကိစ္စရေးသားဖော်ပြခြင်းကိုပြန်လည်ရုတ်သိမ်းပေးရန်နှင့်မရုတ်သိမ်းလျှင်တရားစွဲနိုင်ကြောင်းပြောကြားခြင်းဖြစ်သည်ဟု သိရသည်။ NLDဘက်မှ လက်မခံနိုင်ကြောင်းဆုံးဖြတ်၍ အကြောင်းပြန်ခဲ့သည်ဟု သိရှိရသည်။

မင်းနိုင်

မြို့တော်ခန်းမရှေ. တွင်ဗုံးပေါက်ကွဲမှုနောက်ဆက်တွဲ သတင်း

မြို့တော်ခန်းမရှေ.တွင်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာနှင့်(၄)ပေခန့်အကွာမြက်ခင်းပေါ်တွင်ကျန်ကျောင်းပလပ်စတစ်အိတ်ဖြင့်ထုတ်ထားသည့်အရှည်(၁၄)လက်မ၊အမြင့်(၆)လက်မခန့်ရှိနယူးဒီဝမ်းကက်ဆက်အမဲရောင်အားချိန်ကိုက်ဗုံးတပ်ဆင်ထားလျှက် ထပ်မံတွေ့ရှိရ ကြောင်းသိရှိရသည်။၎င်းကက်ဆက်အတွင်း၌(၁၂)လက်မအရှည်ရှိလေးထောင့်စတီးပိုက်တစ်လုံး(အတွင်း၌အဖြူရောင်ယမ်းအပြည့်ထည့်လျှက်)၊ Panasonic-AA ဓါတ်ခဲ(၄)လုံး၊ 9-v ဘက်ထရီ(၁)တုံး၊ နှင့် (၁၁၄၅) မိနစ်အချိန်တွင် ပေါက်ကွဲရန်ချိန်ကိုက်ထားသည့် လေးထောင့်စာပွဲတင်နာရီတစ်လုံးကိုလည်းတွေ့ရကြောင်းသိရှိရသည်။ ပေါက်ကွဲရန်(၅)မိနစ် အလိုတွင်စမအ(၉၀၅)မှဒုတပ်ရင်းမှူးဗိုလ်မှူးမျိုးလှိုင်နှင့်အဖွဲ့မှရှင်းလင်းခဲ့ကြောင်း သိရှိရသည်။ ၎င်းချိန်ကိုက်ဗုံးသည်ပထမအကြိမ်ဗုံးကွဲပြီးနောက်(၁၀)မိနစ် ခြား၍လူများစုရုံးဝိုင်းအုံကြည့် ချိန်တွင်ထပ်မံပေါက်ကွဲစေရန်ရည်ရွယ်ကြံစည်ထားသောဗုံးဖြစ်ပေသည်။ ကျွန်ုပ်တို့မြန်မာ လူမျိုးများသည်ခွေးနှစ်ကောင်ကိုက်သည်ကိုပင်အလွန်အင်မတန် မှစပ်စုချင်သောဝါသနာ ရှိသောကြောင့် သတိပြုရှောင်ရှားနိုင်စေရန်စေတနာရှေ့ထား၍ သတိပေးအပ် ပါသည်။

Wednesday 24 September 2008

မြို့တော်ခန်းမရှေ. တွင်ဗုံးပေါက်ကွဲ

၂၀၀၈ခုနှစ်စက်တင်ဘာလ(၂၅)ရက်နေ့(၁၀၃၅)အချိန်တွင်မြို.တော်ခန်းမရှေ့၊(၉၇)ကားဂိတ်၏အနောက်မဟာဗန္ဓုလပန်းခြံထဲရှိ အမှိုက်ပုံးတစ်ခုအတွင်းမှပေါက်ကွဲခြင်းဖြစ်ကြောင်း သိရ သည်။ ယင်းပေါက်ကွဲမှုကြောင့် အကျယ်(၄)ပေခန့်ရှိ ခြံစည်းရိုးမှာ ပွင့်ထွက်ပျက်စီးသွားခဲ့ သည်။ ၎င်းအပြင် လူ(၇)ဦးဒဏ်ရာရခဲ့ပြီးတစ်ဦးမှာ စိုးရိမ်ရကြောင်းသိရှိရသည်။၎င်း(၇)ဦးမှာ-
(၁)သက်နိုင်ဝင်း
(၂)သော်နေလင်း
(၃)အောင်အောင်
(၄)မောင်လင်း
(၅)သိန်းဝင်း
(၆)ချစ်ဦး
(၇)အောင်ဆန်းဌေး တို့ဖြစ်ကြောင်းသိရှိရသည်။
လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေးအကြပ်အတည်းများအား ဤနည်းဖြင့်မဖြေရှင်းပဲ ဘုရားရှင် ဟောကြားလမ်းညွှန်ခဲ့သည့် တွေ့ဆုံညှိနှိုင်းရေးနည်းလမ်း(၀ါ) သံတမန်နည်းလမ်း ဖြင့်သာ အဖြေရှာ ကြပါရန်နှင့် အကျိုးမဲ့သည့်ဤလုပ်ရပ်များကိုစွန့်လွှတ်ကြပါရန် စေတနာကောင်းဖြင့် တိုက်တွန်းအပ်ပါသည်။

မင်းနိုင်

NLD ပါတီတည်ထောင်ခြင်း နှစ်(၂၀)ပြည့်အခမ်းအနားပြုလုပ်မည့်သတင်း

NLD အဖွဲ့ချုပ်ရုံး၌ (၂၇.၉.၀၈) ရက်နေ့(၁၂၀၀) နာရီတွင် NLDပါတီတည်ထောင်
ခြင်းနှစ်(၂၀) ပြည့် အခမ်းအနားကျင်းပပြုလုပ်မည်ဟုသိရှိရသည်။ ၎င်းအခမ်းအနားတွင် CEC အဖွဲရဲ့တာဝန် ပေးချက်အရ အောက်ပါ အတိုင်းတာဝန်ခွဲဝေထားပါတယ်-
(က) အခမ်းအနားပြင်ဆင်ရေး
- ဦးချစ်ခင်
- ဦးမြင့်ဝေ
- အေးထွန်း
- ဘမောင်
- ဦးကြည်
(ခ) ကြိုဆိုရေးနှင့် နေရာချထားရေး
- ဒေါက်တာသန်းဝင်း
- ဦးအောင်ဆန်းမြင့်
- ဦးစိန်လှဦး
- ဦးမောင်မောင်သန်း
- ဦးလှသိန်း
- ဦးလှမင်း
- ဦးခင်လှ
(ဂ) လုံခြုံရေး၊ သတင်းနှင့် ပြန်ကြားရေး
- ဦးစိုးမြင့်
- ဒေါက်တာမျိုးအောင်
- မြင့်ဌေး
- ခင်ထွန်း
- မျိုးညွှန့်
- စောမင်းသိန်း
(ဃ) ဧည့်ခံကျွေးမွေးရေး
- ဒေါ်မေနှင်းကြည်
- ဒေါ်လဲ့လဲ့
- ဒေါ်အေးအေးမာ
- ဒေါ်တင်တင်မြ
- ဒေါ်မြင့်မြင့်စိန်
- ဒေါ်ခင်စော
- မကြည်ကြည်ဝင်း တို့ဖြစ်သည်ဟု သိရပါသည်။
၎င်းအခမ်းအနားမကျင်းပမှီလူငယ်အဖွဲ့ဝင်အချို့မှ ကြွေးကြော်ဆန္ဒပြရန် စီစဉ် လျှက်ရှိကြောင်းနှင့်ကြွေးကြော်မည့်အချက်များမှာ-
(၁) (၁၉၉၀)ရွေးကောက်ပွဲရလဒ်အား အကောင်အထည်ဖော်ပေးရေး
(၂) ဒေါ်စုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွှတ်ပေးရေး
(၃) (၂၀၁၀) ရွေးကောက်ပွဲအသစ်အလိုမရှိ တို့ပါဝင်ကြောင်းသိရှိရပါသည်။
၎င်းအခမ်းအနား၌ပင် NLD လူငယ်အဖွဲ့မှ CEC အဖွဲ့အားကန့်ကွက်ဆန္ဒပြ မည့်အစီအစဉ် များလည်းရှိနေကြောင်း သိရှိရပါသည်။

မင်းနိုင်

ဒါဆိုရင်တော့လက်မခံဘူးဗျာ



စစ်အစိုးရနဲ့အတိုက်အခံအဖွဲ့အစည်းတွေဆန့်ကျင်ဘက်ဖြစ်နေတာနဲ့ပြည်သူတွေစီးတဲ့ဘက်စ်ကားမှာ ဗုံးခွဲတာဘာမှမဆိုင်ဘူးထင်တယ်။ဒါဟာလူထုကိုပစ်မှတ်ထားပြီး ကောက်ကျစ်ယုတ်မာတဲ့အောက်လမ်းနည်းသုံးတာပဲ။ သူရဲဘောကြောင်ပြီးလက်နက်မရှိတဲ့လူထုကို ဒုက္ခရောက်အောင်သက်သက်မဲ့စော်ကား လိုက်တာပဲဖြစ်တယ်။ အဲ့ဒီလိုလုပ် ဆောင်နိုင်လို့ဘယ်သူမှ မချီးကျူးပါဘူး။အရှက်၊သိက္ခာမရှိတဲ့လုပ်ရပ်ဆိုပြီးရှုတ်ချကြပါတယ်။ ဘယ့်နှယ်ဗျာ… ထေရ၀ါဒဗုဒ္ဓဘာသာ နိုင်ငံဖြစ်ပြီး ဒီမိစ္ဆာလုပ်ရပ်တွေကြောင့် နိုင်ငံရောသာသနာပါ ကမ္ဘာ့အလယ်မှာ သိက္ခာကျရတယ်။ သံသရာမကြောက်ကြတဲ့ လူတွေပဲ။ ၀#်မှာအမြဲ၊ ငရဲမှာအပ တဲ့။ အလှည့်ကြုံလာကာမှ လှည့်မပြေးကြနဲ့။ ထိခိုက်ဒဏ်ရာရတဲ့ လူ(၄)ယောက်ရဲ့မိသားစုဘ၀ကို ကိုယ်ချင်းစာကြည့်ပါအုံး။ ထမင်းနပ်မမှန်တဲ့ကြားထဲ ဆေးကုရအုံးမယ်။အကြွေးလည်ပင်းနစ်ကြရအုံးမယ်။ ကြာရင်တိုင်းပြည်က ဗိုလ်ချုပ်ပြောတဲ့တိုင်းပြည်ဖြစ်လာ တော့မယ်။ကြည့်လည်းလုပ်ကြပါအုံးဗျာ…
မင်းနိုင်

Tuesday 23 September 2008

ခေါင်းစဉ်ရွေးပေးပါ..

ကျဆုံးသွားတဲ့ ဒီမိုကရေစီရဲဘော်တစ်ဦးကို ဂုဏ်ပြုသောအားဖြင့် ပြန်လည်ထုတ်ဖော်သည်- (ခေါင်းစဉ်အား စာရှု့သူများသာရွေးချယ်၍ ပေးကြပါကုန်…။)

လရိပ်တွေ
တိမ်ကမ္ဗလာထိုးဖောက်
ကမ္ဘာမြေကို ခရီးတစ်ခေါက် နားခိုတဲ့ည
ဓူဝံကြယ် လင်းလက်တောက်ပ
အကျဉ်းအိမ်ထဲမှာ မှေးစက်ခိုက်
ကျီးတသိုက်လန့်ပျံ
ညဥ့်ငှက်ဆိုးထိုးသံဟာ
နားခိုရာ တိုက်နံရံကိုထိုးခွဲ
ငါ့ကို
အိပ်ရာက လှန့်နှိုးခဲ့ပြီ . . . ။

အချိန်က
မိုးသောက်လင်းလုလု
စစ်ခွေးတစုနဲ့ငါ
ဘ၀တူရဲဘော်တွေနဲ့အထူ
ဘယ်ကိုရွေ့ရဦးမှာလဲမသိ . . . ။

ဟင်းလင်းပြင် စစ်ကားတွေပေါ်
လေးကွက်ကြားဆံပင်ပုံစံ
ကိုယ်မှာ ထောင်ဝတ်စုံဖျင်ကြမ်း
ခြေတဖက်မှာ သံခြေကျင်း
ထီမထင်မျက်နှာထားတွေနဲ့
နိုင်ငံရေးအကျဉ်းသားတစုဟာ
ကမ္ဘာမကြေသီချင်းဆိုပြီး
အင်းစိန်ဘူတာ ရောက်ခဲ့ပြီ . . . ။
ဘူတာရုံစင်္ကြန်ဘေး
စစ်ခွေးလက်ပါးစေတွေရဲ့ ပုံစံအမိန့်
ဦးခေါင်းတွေ ငုံ့နေရပေမယ့်
စိတ်အလျင်က ကမ္ဘာမြေကို ထိုးဖောက်
စကြာဝဠာကို ဖောက်ထွက်နေကြတယ်
ဘူတာရုံထဲက ပျံ့လွင့်လာတဲ့
ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီသီချင်း
ငါတို့ကို ရည်ရွယ်ပြီးဖွင့်နေလားမသိ

ဒါ . . ပြည်သူတွေရဲ့ ရင်ထဲက
ငါတို့ကို အားပေးတဲ့ အားဆေး
မတရားမှုကို လက်မခံတဲ့စိတ်ဓာတ်
အာဏာရှင်ကို တော်လှန်တဲ့ ပြယုဂ်တွေပေါ့ . . . ။

သီချင်းသံ မဆုံးခင်မှာပဲ
ဘူတာကို ရထားတစင်းဆိုက်လာပါပြီ။
အရှေ့ဘာလင်ရဲ့ သွေးပျက်ချင်စရာညတွေနဲ့
အနောက်ဘာလင်ရဲ့ ရင်ခုန်ဖွယ်ရာညတွေကို
ဘာလင်အုတ်တံတိုင်းကြီးက ပိုင်းခြားထားခဲ့သလို
ပြည်အစုန်ရထားပေါ်မှာ
မိဘပြည်သူတွေနဲ့
သံကန့်လန့်ကာအထပ်ထပ်ခြား
(ငါတို့ကို)
ဘီလူးစည်းသုံးတန် တားခဲ့ပြီ။

ရထားပေါ်မှာ
သွေးသောက်ရဲဘော်တွေနဲ့အတူ
အပြင်လေတ၀ရှူပြီး
ယမ်းမြူတွေအုံ့မှိုင်းနေတဲ့
အရိုင်းဗမာပြည်ကို
နာဇီလက်က ကယ်တင်ဖို့
လောကပါလနတ်မင်းကြီးလေးပါးဆီ
ငါတို့ . .
တရားသစ္စာဆိုခဲ့ကြပြီ . . . ။

တိုက်ကြီးဘူတာအ၀င်
ဆွဲဆွဲငင်ငင်အူလိုက်တဲ့
ရထားဥသြသံနဲ့အတူ
ဟိုး . . အဝေးက
အပြေးအလွှားရောက်လာတဲ့
ရဲဘော်တစ်ယောက်ရဲ့ မျက်ရည်တပေါက်ဟာ
ငါတို့ရင်ကို
မြားအစင်းစင်း ဖောက်စေခဲ့ပြီ . . . ။

ရိုးမတောင်တန်းကြီးတွေ
ကျောက်စိမ်းရောင်တောက်နေတဲ့
နေရောင်အောက်က ရှုခင်းတွေ
ရွှေဝါရောင်စပါးခင်းတွေဟာ
ခုတော့
စစ်ခင်းရာမြေ ဖြစ်ခဲ့ပြီ . . . ။

နတ္တလင်းဘူတာအရောက်
သားပျောက်မိခင်တဦးရဲ့
သား . . အော်ခေါ်သံဟာ
ရထားဥသြသံကို ဖုံးလွှမ်းသွားခဲ့ပြီ။

အိမ်မပြန်နိုင်သေးတဲ့သားအတွက်
မိခင်မေတ္တာဆိပ်တက်
ရထားနဲ့အတူ ပြေးလိုက်ပြီး
နှုတ်ဆက်မျက်ရည်စတွေ ဝေ့၀ဲလာခဲ့ပြီ။

ရဲဘော်အားလုံးရဲ့ မျက်ဝန်းတွေမှာလည်း ပုလဲဥတွေခိုလို့
"ဒါ ငိုစရာမဟုတ်ဘူး
မျက်ရည်တွေ သုတ်ပစ်လိုက်
ရန်သူကျေနပ်အားရအောင် မလုပ်ကြပါနဲ့"
ရထားတွဲအတွင်းက ရဲဘော်တဦးရဲ့ ဟန့်တားသံမှာ
နာကျည်းကြေကွဲဟန်တွေ ပါနေတယ်။

"ဒီတော်လှန်ရေးကြီးပြီးရင်
အမေတို့အားလုံးဆီ
သားတို့ အရောက်ပြန်လာခဲ့ပါမယ်" . . . . . . ။

နေချိုချိန်မှာ
ပြည်ဘူတာကို ရောက်ခဲ့ကြပြီ
ပြည်ရွှေဆံတော်ဘုရားပွဲဟာ
ခြိမ့်ခြိမ့်သဲစည်ကားနေတယ်။

ငါတို့ရဲ့ပြယုဂ်က
ငိုက်မြည်းစခေတ္တရာပြည်သူကို
သွေးပူနိုးထစေခဲ့ပြီ . . . . . . ။

ပြည်ဆောင်းည အအေးဒဏ်
သွေပြန်ကြောထဲကပြန်ထုတ်
လေးဘက်ကာအုတ်တံတိုင်းအတွင်း
နှစ်ညတာ ခေတ္တနားခိုရင်း
ပြည်တော်ဝင်သီချင်းဆိုခဲ့ကြပြီ . . . . . . ။

နှင်းမြူအုံ့မိုး
ဧရာဝတီမြစ်ရိုးတလျှောက်
နှင်းခါးသောက်သင်္ဘောတစ်စီး
လေဟုန်စီးမောင်းနှင်လာပြီ။

သင်္ဘောပေါ်မှာ
စားစရာကျွေးသူကကျွေး
အားပေးစကားပြောသူကပြော
ခပ်ချောချောဆရာမလေးတစ်ဦးရဲ့
နားလည်မှုအပြည့်နဲ့ ကရုဏာမျက်ဝန်းဟာ
တိမ်သလ္လာဖုံးထားတဲ့ကြားက
အားယူရုန်းထွက်လာတဲ့ အလင်းစက်ကြယ်တစ်ပွင့်လို
ငါတို့ရင်ကို
ရဲရင့်ငြိမ်းချမ်းစေခဲ့ပြီ။

ဗမာပြည် မြေလတ်သမိုင်း
ရိုင်းရတော့မယ် . . .
သရက်ဆိပ်ကမ်းမှာ
နံပါတ်တုတ်တွေတရမ်းရမ်း
မနုဿလူကြမ်းတွေရဲ့
လက်သရမ်းမှုတွေအောက်
တက်ခေါက်သံနဲ့အတူ
ခွပ်ဒေါင်းတွန်သံတွေ
ညံစီနေခဲ့ပြီ . . . . . . ။

ကဗျာဆန်လှတဲ့ ငွေသောင်ယံဟာ
ငါတို့အတွက်
ကာရန်မဲ့ခဲ့ရပြီ . . .
ရောမခေတ် ကျေးကျွန်တွေနဲ့မခြား
စစ်သုံ့ပန်း ငါတို့ဟာ
သံခြေကျင်း ပုခုံးထမ်းကိုယ်စီနဲ့
သဲသောင်နွံ ခယောင်းလမ်းမှာ
သွေးစက် ချွေးစက်တွေဖြန်း
သရက်အကျဉ်းထောင်ဆိုတဲ့
ငရဲခန်းအသစ်တစ်ခုဆီ
လှမ်းဝင်လာခဲ့ကြပြီ . . . . . . ။

လရိပ်တွေ
ကမ္ဘာမြေကိုစွန့်ခွာပြီး
ကောင်းကင်ယံပျံတက်ခဲ့ည
ဓူဝံကြယ်ကြွေကျ မြေခချိန်
သရက်အကျဉ်းစံအိမ်မှာ
မုန်တိုင်းတွေ လိမ့်ဆင်းလာပြီ . . . . . . ။ ။

(အင်းစိန်အကျဉ်းထောင်မှ သရက်အကျဉ်းထောင်သို့ အမှတ်တရ)


ပျက်စီးသွားသော အပိုင်းအစတစ်ခု


ကျွန်မ ရင်တွေအရမ်းခုန်နေတယ်။ချွေးစေးတွေပြန်ပြီးအသက်ရှုတောင်ကျပ်လာတယ်။ သမ္ဗုဒ္ဓေဂါထာကိုလည်း ကပြောင်း ကပြန် အဖန်တလဲလဲရွတ်မိနေတယ်။ လက်တွေ၊ ဒူးတွေ ကလည်းနတ်ပူးနေသလို ဖြစ်နေပါလား။ ငါ့ရဲ့အားအင်တွေလည်း ဘယ်ရောက်သွား ကုန်ပြီ လည်းငါ့ခန္ဓာကိုယ်ကိုတောင် မထမ်းပိုးနှိုင်တော့ပါလား။ တစ် ကိုယ်လုံးမှာ ပင့်ကူမျှင်တွေ အလူးလူးနဲ့။ အရေးထဲ အောက်သက် သက် အနံ့ဆိုးတွေနဲ့ ဖုန်တွေကြောင့် နှာမ ချေမိအောင် ထိန်းနေရသေးတယ်။ မျက်စေ့တွေလည်းပြာပြီး ဘာမှမမြင်တော့ဘူး။ခြေသံတွေက နီးလာလိုက် ဝေးသွားလိုက်နဲ့ ဘုရား...ဘုရား…တပည့်တော်မကိုကယ်တော်မူပါ ဘုရား။ ခြေသံတွေ တဖြည်းဖြည်း ဝေးသွား ပြီ……။တော်ပါသေးရဲ့ …ငါ့ကိုတွေ့မသွားလို့။ ဟယ်...ဒုက္ခပဲ…စံဇာဏီဘိုရဲ့ ယတြာကိုလည်းမချေမိဘူး။ သူ့ဆီ ဖုန်းဆက်လို့လည်းမဖြစ်ဘူး လေ။ ငါ့ကိုမမြင်အောင် ကာထားတဲ့ သေတ္တာနဲ့အ၀တ်အိတ်တွေကို တွန်းဖယ်ပြီး အတင်း ပြေး ထွက်သွား ချင်လိုက်တာ…။ မဖြစ်သေးပါဘူး ငြိမ်နေအုံးမှ။ (ခဏကြာသော်) ဟော……ပြန်လျှောက် လာတဲ့ ခြေသံသဲ့သဲ့ကို ကြားနေရပြန်ပြီ။ အဘွားနဲ့သူတို့စကားအခြေအ တင်ပြောနေကြတယ်။ မျက်စေ့ ကို စုံမှိတ်ထားပြီးဘုရားသာ တ နေလိုက်တယ်။ လူ့ဘီလူးကြီး တစ်ယောက်ရဲ့မျက်နှာတစ်ခု ကျွန်မအနီး ဘွား ခနဲ ပေါ်လာသောအခါမှာတော့ ကျွန်မလန့်ပြီး “အောင်မလေး” လို့အော်လိုက်မိတယ်။ အဲ့ဒီနောက် ကျွန်မ ကိုယ်ပေါ်ကိုဓါတ်မီးရောင်များလက်ကနဲထိုးကျလာပါတော့တယ်။ လူတစ် ယောက်က “ခုတင်အောက်ကနေ ထွက်လာခဲ့”ဟုအသံနက်ကြီး ဖြင့်အော်လိုက်သံကို ခါးသီးစွာကြား လိုက်ရသောအခါ ကျွန်မခေါင်း ထဲ အိုး ထိန်း စက်လို သွက်သွက်လည် သွားလေ သည်။ ကျွန်မဘ၀…ကျွန်မကလေး… ကျွန်မမျှော်လင့်ထား တဲ့သာယာချမ်း မြေ့တဲ့မိသားစုဘ၀…လွတ်လပ်ပြီး၊တရားမျှတတဲ့ဒီမိုကရေစီနိုင်ငံတော်သစ်…အိုး...အားလုံးဟာပျက်ဆီး
သွားပါပြီလား……


(ခံစားတင်ပြသူ)
မင်းနိုင်

Saturday 20 September 2008

လူကိုလူလို့မှမြင်ကြသေးရဲ့လား ကြံ့ဖွတ်နဲ့စွမ်းအားရှင်တို့ရယ်


တစ်ခုသောနေ့၌ ကျွန်ုပ်သည် ယင်းအခင်းဖြစ်ပွားရာနေရာသို့ ရောက်ခဲ့လေသည်။ လက်ထဲ၌လည်း လက်စွဲတော်ကင်မရာလေးက အသင့်ရှိနေ
၏။ မြင်လိုက်ရသော မြင်ကွင်းမှာ အကျဉ်းတန်လေစွ။ ယဉ်ကျေးသော ကျွန်ုပ်တို့မြန်မာနိုင်ငံပင် ဟုတ်ကောမှဟုတ်လေစွ ဟုထင်မိပေသည်။ကျွန်ုပ်ကြည့်ဖူးသော စလောင်းမှလာသည့် Discovery ဇာတ်ကားအားပြေးမြင်မိလိုက်လေသည်။ ၎င်းဇာတ်ကားထဲတွင် တောနက်ကြီး ထဲ၌ အသိဥာဏ် မရှိသော ၀ံပုလွေများသည် သူတိုထက်အားငယ်သော ဒရယ်ငယ်လေး များအား သနားညှာတာ မှုကင်းမဲ့စွာ အမဲလိုက်သတ်ဖြတ်နေပုံဖြစ်သည်။ ဒရယ်အသေ ကောင်လေး အား၎င်းဝံပုလွေ များအလုအယက်တစ်ကောင် နှင့်တစ်ကောင်မာန်မဲ၍ အသွေးအသား ၊ အူ၊အသည်းတို့အား စားသောက်ပြီးသောအခါ အကြွင်းအကျန် များ အား ကောင်းကင်မှ လဒ အုပ်ကြီးဆင်းလာပြီး လုယက်ဆွဲငင် စားသောက်နေကြပြန်သည့်မြင်ကွင်း ပင်ဖြစ် ပေ သည်။ ကျွန်ုပ်လည်း နောင်လာနောက်သားများရှောင်ကျဉ်နိုင်ရန်ရည်ရွယ်၍ လက်စွဲတော်ကင်မရာလေး နှင့် လျှက်တပြက် မှတ်တမ်းတင်ခဲ့လေသည်။ စာရှု့သူများကြည့်ရှု့ပြီးသံဝေဂတရားရနှိုင်ကြပါစေ.....

မင်းနိုင်

မမေ့လျော့ မပေါ့ဆနဲ့  NLD

ကျွန်တော်အနေနဲ। ဒီနေ।နိုင်ငံရေးလောကမှာ ဦးဆောင်အတိုက်အခံပါတီဖြစ်တဲ့ NLD ရဲ।စည်းရုံးရေး ပျက်ပြားနေမှုတွေကို ဥာဏ်မှီသလောက် စာဖတ်ပရိတ်သတ်များကို တင်ပြပါရစေ။

နိုင်ငံရေးလောကမှာ နအဖ အကြောက်ဆုံး ပူဂ္ဂိုလ်တစ်ဦးရှိပါတယ်။ စာဖတ်ပရိတ်သတ်များ ဘယ်သူလို।ထင်ပါသလဲ။ ကျွန်တော် ကတော့ ထောင်ထဲမှာ နှစ်ပေါင်းများစွာ အကြောင်းအမျိုးမျိုးပြပြီး ပိတ်လှောင်ထားတဲ့ နိုင်ငံကျော်သတင်းစာ ဆရာကြီး ဦးဝင်းတင်ကို မီးမောင်းထိုး ပြချင်ပါတယ်။ ဦးဝင်းတင်ဟာ NLD ပါတီကို Foundation ချပေးခဲ့တဲ့ လူတစ်ဦးပါ။ သူဟာ NLD ကိုအရမ်းကို မျှော်လင့် ထားခဲ့ပါတယ်။ အကြံကောင်း ဥာဏ်ကောင်းတွေလည်း အများဆုံးပေးခဲ့တဲ့လူတစ်ယောက်ဆိုတာ အခုလက်ရှိ CEC တွေအသိဆုံးပါ။ နအဖက သူ।ကိုကြောက်လွန်းလို।သေခါနီးအချိန်အထိ ထောင်ထဲမှာပဲ ပိတ်လှောင်ထားတယ်ဆိုတာ အများအသိပဲဖြစ်ပါတယ်။ သူ।ရဲ।စိတ်ဓါတ်ခိုင်မာမှုကို ရန်သူ နအဖ တွေက လက်ဖျားခါ ချီးကျူးခဲ့ပါတယ်။

သို।ပေမဲ। အခုလက်ရှိ CEC တက်လုပ်နေတဲ့ နိုင်ငံရေးဂုရု ကြီးတွေရဲ। မမှန်ကန်တဲ့ဦးဆောင်မှုတွေနဲ। ငါတကော ကောနေကြတဲ့အတွက် ပါတီတွင်းမှာ ၀ါးအစည်းပြေသလိုဖြစ်နေကြပြီ။ ညှိနှိုင်းမရအောင် အခြေအနေတွေ တင်းမာနေကြပြီ။ ကိုယ့်ကို လိုတဲ့သူတွေကိုဆွဲတင် မလိုတဲ့ သူတွေကိုကြတော့ ဘေးထုတ်နေကြတယ်။ ပါတီထဲမှာ ကိုယ်နဲ့ခင်တဲ့လူကြီးတစ်ယောက် နှုတ် ဆက်ရင်တောင် စောင့်ကြည်နေတဲ့ သူတွေရှိနေကြတယ်။ အဲ့ဒီလောက်အခြေအနေဖြစ်နေတော့၊ သူ့မယုံ ကိုယ့်မယုံနဲ့ဖြစ်နေတော့ ဘယ်လိုနည်းနဲ့ ရှေ့ဆက်သွားရမှာလည်း။ အခုအချိန်မှာ ပိုပြီး စည်းစည်း လုံးလုံးရှိရမဲ့အချိန်မဟုတ်လား။ လူကြီးတွေကလည်း လူငယ် တွေကို အရမ်းနှိပ်ကွပ်တယ်။ ဗဟိုကနေချုပ်ကိုင်မှုက အရမ်းများလွန်းတယ်။ လူငယ်ဖွဲ့ စည်းရေးလုပ်ငန်းတွေကိုလည်း လူငယ် တွေရဲ့ သဘောဆန္ဒအတိုင်း လွတ်လပ်စွာရွေးချယ်တာဝန်ပေးအပ်ခွင့် မရဘူး။ အထက်မှာပြောထားတဲ့အတိုင်း သူတို့စိတ်ကြိုက်လူငယ်တွေကို ထည့်တယ်။ လူငယ်အချင်းချင်းခွဲခြားဆက်ဆံမှုတွေများလာတယ်။ သွေးခွဲသလိုဖြစ်နေတဲ့အတွက် နအဖရဲ့ အကွက် ကျကျအစီအမံ တွေလားလို့တောင်ထင်မှတ်ရတယ်။ CEC ထဲမှာလည်း ဘောင်းဘီချွတ်အဖွဲ့ တွေလဲပါတာဆိုတော့ သံယောဇဉ်တွေများတွယ်ပြီး ချက် ချင်းလုပ်ဆောင်သင့်တဲ့ကိစ္စတွေကိုတမင်နှောင့်နှေးအောင်၊သွေးကွဲမှုတွေဖြစ်အောင်၊ပါတီဝင် အင်အားတွေပြုန်းတီးအောင် လုပ်နေ တာများလား အဘရယ်။ နိုင်ငံတော်ကပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်နေတာများလား။ ဗကပ စနစ်အတိုင်း ဆိုရင်တော့ မလွယ်ဘူးနော်။

အခုဆိုရင်အဘတို့ရဲ့စည်းရုံးမှုအားကောင်းလို့တွံတေးက NLD လူငယ် ရာဇာ၊ နေခြည်ဝင်း၊ ရွှေပြည်သာက ထွေးသိန်း၊ လှိုင်သာယာက မျိုးမင်းစန်း၊ ဒလ က မင်းမင်းဇော် ၊စမ်းချောင်းက မတင်တင်ဝင်း ၊ ဒဂုံမြို့သစ်က မမီမီထိုက် ၊မပပ၊ မြောက်ဥက္ကလာပ က နိုင်လင်း တို့ဟာ နှုတ်ထွက်ဖို့ ပြင်ဆင်နေကြပါပြီ။ လူငယ်တွေနှုတ်ထွက်ကုန်ကြပြီဆိုရင် အင်အားတွေဘယ်လောက် လျှော့သွားမလဲ။ လူကြီးတွေချည့်ပဲဆက်လုပ်လို့ရမလား။ မျိုးဆက်သစ် တွေရဲ့ အားကမလိုတော့ဘူးလားခင်ဗျာ။ လက်ရှိနိုင်ငံရေးအခြေအနေကတော့ စိတ်ပျက်စရာပဲဗျို့။ အနာဂတ် မြန်မာနိုင်ငံရဲ့ အရေးကတော့ တွေးကြည့်ရင် ရင်လေးစရာပဲ။ ပြည်သူတွေသောင်းသောင်းဖျဖျ ထောက် ခံမဲပေးခဲ့တဲ့ပါတီကအခုလောက်ထိ အခြေအနေဆိုးလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး။ စိတ်မကောင်းဘူးဗျာ။ အဲ့ဒါ ကြောင့်လည်း သတင်းစာဆရာကြီး ဦးဝင်းတင်က ဒီနိုင်ငံမှာ ဒီမိုကရေစီရဖို့ မမြင်တော့လို့နိုင်ငံရေး လောကကို ကျောခိုင်းတာ ထင်တယ်။ ကျွန်တော်တို့ရဲ့အမေကလည်းဘာမှမပြောနိုင်၊မလုပ်နိုင်ဆိုတော့ သူတို့စိတ်ထင်တိုင်းရမ်းနေကြပြီ။ ကျွန်တော်တို့ နိုင်ငံ ချောက်ထဲကျဖို့ တဲတဲ ပဲလိုတော့တယ်။ အားလုံးစည်းလုံးညီညွတ်စွာနဲ့ လမ်းကြောင်းမှန်ကိုပြန်လျှောက်သင့်ပြီ။ လူငယ်တွေကလည်း လျှော့ လူကြီးတွေကလည်းလျှော့ပေးသင့်တာလျှော့ပေးပြီး တစ်စည်းတစ်လုံးတည်း၂၀၁၀ကို ကြံကြံခံချီတက်ကြပါစို့။ ဗိုလ်ချုပ်ဖြစ်စေချင်ခဲ့တဲ့ ဒီမိုကရေစီနိုင်ငံမျိုးဖြစ်အောင် ကြိုးစားဆောင်ရွက်ကြပါစို့ ...............

မင်းနိုင်

စာရေးသူအမှာ

ကျွန်တော်ဟာ စာရေးဆရာတစ်ယောက်မဟုတ်ပါ။ စာပေချစ်မြတ်နိုးသူ တစ်ယောက်ဖြစ်ပါတယ်။ နိုင်ငံရေး သမားတစ်ဦးလည်းမဟုတ်ပါ။ သို့ပေမဲ့ ကိုယ့်နိုင်ငံဘယ်ပေါ်လဆီနဲ့သွားနေတယ်ဆိုတာတွေကိုတော့ မျက်ခြေ မပြတ်စောင့်ကြည့် နေပါတယ်။ ဘယ်သူ့ကိုမှလည်းမမုန်းပါ။ ကျွန်တော်ချစ်တဲ့ တိုင်းပြည်ကိုဖျက်မဲ့ သူဆိုရင် တော့ မုန်းပါတယ်။ ကိုယ့်အမျိုး၊ဘာသာ၊သာသနာကိုထိပါးလာရင်တော့ ကျွန်တော် တက်စွမ်းသမျှ ခုခံတိုက် ခိုက်သွားဖိုရာနောက်မတွန့်ပါဘူး။ ကျွန်တော်ဘလော့တစ်ခုတင်မယ်တင်မယ်နဲ့ စိတ်ကူးပေါ်ခဲ့တာကြာပါပြီ။ ပြီးခဲ့တဲ့နှစ်စက်တင်ဘာလောက်ကတည်းကစိတ်ကူးပေါ်ခဲ့တာပါ။ ဒီဘလော့မှာရေးမဲ့အကြောင်း အရာ တွေကို အတက်နှိုင်ဆုံးမှန်ကန်မြန်ဆန်စွာဆောင်ရွက်ဖို့ရည်ရွယ်ထားပါတယ်။ ကျွန်တော်ရဲ့ရင်ထဲကခံစားချက်တွေကို ဒီဘလော့ထဲမှာချရေးထားတာ ဖြစ်တဲ့အတွက် ကျွန်တော်နဲ့လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။ လွတ်လပ်စွာဝေဖန် ပြောဆိုနှိုင်ပါတယ်။ ကျွန်တော်မှာပုဂ္ဂိုလ်စွဲ၊ပါတီအဖွဲ့အစည်းစွဲ မရှိပါဘူး။ အမှန်ကိုအမှန်အ တိုင်းရေးမှာပါ။လွတ်လပ်စွာတွေးပြီးလွတ်လပ်စွာရေးမှာပါ။ဒါဟာလူသားတိုင်းရဲ့မွေးရာပါအခွင့်အရေးပါ။ အပြု သဘောနဲ့ဝေဖန်အကြံပေးကြဖို့လည်းမေတ္တာရပ်ခံပါတယ်။ ဒီဘလော့ဖြစ်မြောက်ရေးအတွက်ဝိုင်းဝန်းပံ့ပိုးပေးသည့်သူငယ်ချင်း၊ညီငယ်၊ညီမငယ်များအားလုံးနှင့် စာဖတ်ပရိတ်သတ်များအားလုံးအား အထူးကျေးဇူးတင်လျှက်...

မင်းနိုင်