Monday 29 September 2008

ပျဉ်းမနားသကြားစက်တွင် ၀န်ထမ်းအမျိုးသမီးငယ်များအပေါ်အနိုင်ကျင့် ယုတ်မာမှုများ


စစ်အစိုးရရုံးစိုက်ရာနေပြည်တော်တိုင်းပျဉ်းမနားမြို့ရှိပျဉ်းမနား သကြားစက်တွင်ဝန်ထမ်းအမျိုးသမီးငယ
်များအားအထက်အရာရှိဆိုသူများကယုတ်မာစွာအသုံးချလျှက်ရှိကြောင်းသိရသည်။ယ္ခုလာမည့်ရှေ့လတွင်
သကြားစက်များစတင်လည်ပတ်တော့မည်ဖြစ်သဖြင့်မြန်မာ့ကြံလုပ်ငန်းမှMD(အသွင်ပြောင်း)ဆိုသူများ
သကြားစက်များသို့လာရောက်၍လှည့်လည်စားသောက်ကြတော့မည်ဖြစ်သည်။ထိုအခါတွင်အဆင်သင့်ဖြစ်
စေရန်အတွက်စက်ရုံမှူး၊ဒုစက်ရုံမှူးများ(ကျွန်သဘောက်များ)မှအလိုက်သိစွာဖြင့်(၎င်းတို့စားသောက်ထား
သည်များကိုလျစ်လျှုရှုစေရန်)ပြင်ဆင်လျှက်ရှိပေသည်။နှမချင်းကိုယ်ချင်းမစာစွာဖြင့်စက်ရုံဝန်ထမ်းအမျိုး
သမီးငယ်များအားချော့၍တစ်ဖုံ၊အလုပ်အကိုင်ဖြင့်ခြိမ်းခြောက်၍တစ်လှည့်၊အကြပ်ကိုင်၍တစ်မျိုးဖြင့်ဆောင်
ရွက်လျှက်ရှိပေသည်။အမျိုးကောင်းသမီးများစွာသည်၎င်းမုဆိုးများ၏ကျော့ကွင်းတွင်မိ၍ဘပျက်ခဲ့ရပေါင်း
လည်းများပေသည်။၎င်းတို့အားဝန်ထမ်းများမှပြန်လည်မတိုင်ကြားဝံ့သည်ကိုအခွင့်ကောင်းယူ၍ယ္ခုတစ်ကြိမ်
တွင်လည်းစတင်၍ခြိမ်းခြောက်အကြပ်ကိုင်လျှက်ရှိပေသည်။ငယ်ရွယ်ချောမောလှပသည့်ဝန်ထမ်းမိန်းမပျိုလေး
များအား ၎င်းအရာရှိMDများလာရောက်ရာတွင်သီချင်းဆိုဖျော်ဖြေစေခြင်း၊ညဥ့်နက်သည့်အချိန်၎င်းတို့၏အရက်
ဝိုင်းတွင်အရက်ငှဲ့/အတူထိုင်မှုပြုလုပ်စေခြင်း၊အိပ်ယာအတွင်းနှိပ်နယ်ပေးရန်စသဖြင့်ဂွင်ဖန်လျှက်ရှိပေသည်။
နှမသားချင်းကိုယ်ချင်းမစာကိုယ်ကျိုးအတွက်အကြံပက်စက်စွာဖြင့်လုပ်ဆောင်လျှက်ရှိသည့်ဤတဏှာရမ္မက်
ကောင်များအားတားဆီးမည့်သူမရှိပေ။အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးများလည်းဘယ်ရောက်နေမှန်း
မသိပေ။၎င်းတဏှာရမ္မက်ကောင်များ၏အမည်အားပြည်သူများဒဏ်ခတ်နိုင်စေရန်ဖော်ပြလိုက်ပါသည်-
  1. ဒုစက်ရုံမှူးဦးအေးကို(အင်ဂျင်နီယာ)၊အမှတ်(၃)သကြားစက်၊ပျဉ်းမနားမြို့။
  2. CEဦးဇော်ဇော်လွင၊်အမှတ်(၃)သကြားစက်၊ပျဉ်းမနားမြို့။
(မှတ်ချက်။ အထက်ပါဖြစ်စဉ်သည်စိတ်ကူးယဉ်ရေးဖွဲ့ထားခြင်းမဟုတ်ပါ။သတင်းအမှန်ဖြစ်ကြောင်းရာနှုန်းပြည့်အာမခံပါ
သည်။အဆက်အသွယ်ရှိသူများစုံစမ်းကြည့်ပါ။မခံရပ်နိုင်လွန်းသဖြင့်ရေးသားရခြင်းဖြစ်ပါသည်။)

မင်းနိုင်

No comments: