Wednesday 24 September 2008

မြို့တော်ခန်းမရှေ. တွင်ဗုံးပေါက်ကွဲ

၂၀၀၈ခုနှစ်စက်တင်ဘာလ(၂၅)ရက်နေ့(၁၀၃၅)အချိန်တွင်မြို.တော်ခန်းမရှေ့၊(၉၇)ကားဂိတ်၏အနောက်မဟာဗန္ဓုလပန်းခြံထဲရှိ အမှိုက်ပုံးတစ်ခုအတွင်းမှပေါက်ကွဲခြင်းဖြစ်ကြောင်း သိရ သည်။ ယင်းပေါက်ကွဲမှုကြောင့် အကျယ်(၄)ပေခန့်ရှိ ခြံစည်းရိုးမှာ ပွင့်ထွက်ပျက်စီးသွားခဲ့ သည်။ ၎င်းအပြင် လူ(၇)ဦးဒဏ်ရာရခဲ့ပြီးတစ်ဦးမှာ စိုးရိမ်ရကြောင်းသိရှိရသည်။၎င်း(၇)ဦးမှာ-
(၁)သက်နိုင်ဝင်း
(၂)သော်နေလင်း
(၃)အောင်အောင်
(၄)မောင်လင်း
(၅)သိန်းဝင်း
(၆)ချစ်ဦး
(၇)အောင်ဆန်းဌေး တို့ဖြစ်ကြောင်းသိရှိရသည်။
လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေးအကြပ်အတည်းများအား ဤနည်းဖြင့်မဖြေရှင်းပဲ ဘုရားရှင် ဟောကြားလမ်းညွှန်ခဲ့သည့် တွေ့ဆုံညှိနှိုင်းရေးနည်းလမ်း(၀ါ) သံတမန်နည်းလမ်း ဖြင့်သာ အဖြေရှာ ကြပါရန်နှင့် အကျိုးမဲ့သည့်ဤလုပ်ရပ်များကိုစွန့်လွှတ်ကြပါရန် စေတနာကောင်းဖြင့် တိုက်တွန်းအပ်ပါသည်။

မင်းနိုင်

No comments: