Wednesday 24 September 2008

NLD ပါတီတည်ထောင်ခြင်း နှစ်(၂၀)ပြည့်အခမ်းအနားပြုလုပ်မည့်သတင်း

NLD အဖွဲ့ချုပ်ရုံး၌ (၂၇.၉.၀၈) ရက်နေ့(၁၂၀၀) နာရီတွင် NLDပါတီတည်ထောင်
ခြင်းနှစ်(၂၀) ပြည့် အခမ်းအနားကျင်းပပြုလုပ်မည်ဟုသိရှိရသည်။ ၎င်းအခမ်းအနားတွင် CEC အဖွဲရဲ့တာဝန် ပေးချက်အရ အောက်ပါ အတိုင်းတာဝန်ခွဲဝေထားပါတယ်-
(က) အခမ်းအနားပြင်ဆင်ရေး
- ဦးချစ်ခင်
- ဦးမြင့်ဝေ
- အေးထွန်း
- ဘမောင်
- ဦးကြည်
(ခ) ကြိုဆိုရေးနှင့် နေရာချထားရေး
- ဒေါက်တာသန်းဝင်း
- ဦးအောင်ဆန်းမြင့်
- ဦးစိန်လှဦး
- ဦးမောင်မောင်သန်း
- ဦးလှသိန်း
- ဦးလှမင်း
- ဦးခင်လှ
(ဂ) လုံခြုံရေး၊ သတင်းနှင့် ပြန်ကြားရေး
- ဦးစိုးမြင့်
- ဒေါက်တာမျိုးအောင်
- မြင့်ဌေး
- ခင်ထွန်း
- မျိုးညွှန့်
- စောမင်းသိန်း
(ဃ) ဧည့်ခံကျွေးမွေးရေး
- ဒေါ်မေနှင်းကြည်
- ဒေါ်လဲ့လဲ့
- ဒေါ်အေးအေးမာ
- ဒေါ်တင်တင်မြ
- ဒေါ်မြင့်မြင့်စိန်
- ဒေါ်ခင်စော
- မကြည်ကြည်ဝင်း တို့ဖြစ်သည်ဟု သိရပါသည်။
၎င်းအခမ်းအနားမကျင်းပမှီလူငယ်အဖွဲ့ဝင်အချို့မှ ကြွေးကြော်ဆန္ဒပြရန် စီစဉ် လျှက်ရှိကြောင်းနှင့်ကြွေးကြော်မည့်အချက်များမှာ-
(၁) (၁၉၉၀)ရွေးကောက်ပွဲရလဒ်အား အကောင်အထည်ဖော်ပေးရေး
(၂) ဒေါ်စုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွှတ်ပေးရေး
(၃) (၂၀၁၀) ရွေးကောက်ပွဲအသစ်အလိုမရှိ တို့ပါဝင်ကြောင်းသိရှိရပါသည်။
၎င်းအခမ်းအနား၌ပင် NLD လူငယ်အဖွဲ့မှ CEC အဖွဲ့အားကန့်ကွက်ဆန္ဒပြ မည့်အစီအစဉ် များလည်းရှိနေကြောင်း သိရှိရပါသည်။

မင်းနိုင်

No comments: