Monday 29 September 2008

NLD ရုံးချုပ်၌အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်းနှစ်(၂၀)ပြည့် နှစ်ပတ်လည်အခမ်း အနားကျင်းပပြုလုပ်ခဲ့ခြင်း


NLD ရုံးချုပ်၌ (၂၇.၉.၀၈)ရက်နေ့ (၁၂၀၀)အချိန်မှ (၁၃၀၀)အချိန်အထိအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်းနှစ်(၂၀)ပြည့်နှစ်ပတ်လည်အခမ်း အနားကျင်းပ
ပြုလုပ်ခဲ့ကြောင်းသိရသည်။ ၎င်းအခမ်းအနားတွင်သဘာပသိအဖြစ်ဦးအောင်ရွှေနှင့်
အခမ်း အနားမှူးအဖြစ်ဦးလှသိန်းတို့မှဆောင်ရွက်ခဲ့ကြောင်းသိရသည်။အခမ်းအနား
သို့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များ၊လွှတ်တော်ကိုယ်စားလှယ်များ၊တိုင်းစည်းရုံး
ရေးအဖွဲ့ဝင်များ၊ ဗဟိုအမျိုး သမီးအဖွဲ့ဝင်များ၊မြို့နယ်ပါတီဝင်များ၊မြို့နယ်လူငယ်အဖွဲ့
ဝင်များ၊ ၀ါရင့်လုပ်ဖော်ကိုင်ဖက် များအဖွဲ့မှ သခင်ချန်ထွန်း၊ သခင်သိန်းမောင်၊ သခင်
သိန်းဖေ၊ ဗိုလ်မင်းလွင်၊ ဦးအုန်းမောင်၊ ဦးထွေးမြင့်၊ ဦးခင်မောင်ကြည်၊ ပြည်သူ့လွှတ်
တော်ကိုယ်စားပြုအဖွဲ့မှ ဦးထောင်ခိုထန်း၊ ဦးနိုင်ထွန်းသိန်း၊ ဦးသိန်းဖေ၊ ဦးအေးသာ
အောင်၊ဦးစိုးဝင်း၊ဒီမိုကရေစီပါတီ(ဖျက်သိမ်း)မှဦးသုဝေနှင့်နိုင်ငံခြားသတင်းထောက်များ၊
နိုင်ငံခြားသံရုံးများမှသံတမန်များ စုစုပေါင်းအင်အား (၂၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရပါသည်။၎င်းအခမ်းအနားတွင်အကျဉ်းထောင်မှ လွတ်လာသော ဦးဝင်းတင်၊ ဦးခင်
မောင်ဆွေ၊ဒေါက်တာသန်းငြိမ်းနှင့်ဒေါ်မေ၀င်းမြင့်တို့အားပါတီတာဝန်အသီးသီးပေးအပ်ခဲ့
ပြီးထောင်တွင်း အတွေ့အကြုံများကို ဦးဝင်းတင်၊ ဦးခင်မောင်ဆွေနှင့်ဒေါက်တာသန်းငြိမ်း
တို့မှ နိုင်ငံခြားသံတမန်များအား ပြန်လည်ရှင်းပြ ခဲ့ပါသည်။ရုံးချုပ်ရှေ့တွင်ပါတီဝင်(၂၀)ဦးခန့်
မှ”ဒေါ်အောင်ဆန်းစုကြည်ကျန်းမာပါစေ”ဟုအော်ဟစ်ခဲ့အဖြင့်ထက်ထက်ဦးဝေ၊ညီညီနိုင်၊
အောင်မျိုးလွင်တို့အား အုတ်လမ်းထိပ်တွင်ရဲတပ်ဖွဲ့ဝင်များမှဖမ်းဆီးသွားကြောင်းသိရှိရသည်။

မင်းနိုင်

No comments: