Saturday 27 September 2008

ရွှေဝါရောင်တော်လှန်ရေးနေ့တွင် ဆူးလေဘုရားအနီးနှင့် တာမွေမြို့နယ်တို့တွင် စာကြဲချမှုသတင်း

ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်နေ့တွင်ဆူးလေဘုရား
တောင်ဘက်မုခ်အနီးနှင့်တာမွေမြို့နယ်၊ကျောက်ကုန်းရပ်ကွက်
အောင်မင်္ဂလာကားမှတ်တိုင်အနီးတွင်(၃၉)ကားအ၀ါရောင်
ယာဉ်အမှတ်-စ/၂၀၄၈ပေါ်မှ စာများကြဲချခဲ့ ကြောင်းသိရှိရသည်။
စာပါအကြောင်းအရာများမှာ- ”ဒါယိကာ၊ဒါယိကာမအပေါင်းတို့ရဲ့
များပြားလှစွာသော ကာယဒုက္ခ၊ စိတ္တဒုက္ခတို့အားမရှုမြင်ရက်တော့
သဖြင့်တိုက်ပွဲဆင်နွှဲခဲ့ကြသောသံဃာတော်များသွေးမြေကျခဲ့သည့်
နှစ်ပတ်လည်နေ့ ၂၆-၀၉-၀၈”ဟုရေးသားထားကြောင်း သိရှိရသည်။

No comments: