Saturday 20 September 2008

မမေ့လျော့ မပေါ့ဆနဲ့  NLD

ကျွန်တော်အနေနဲ। ဒီနေ।နိုင်ငံရေးလောကမှာ ဦးဆောင်အတိုက်အခံပါတီဖြစ်တဲ့ NLD ရဲ।စည်းရုံးရေး ပျက်ပြားနေမှုတွေကို ဥာဏ်မှီသလောက် စာဖတ်ပရိတ်သတ်များကို တင်ပြပါရစေ။

နိုင်ငံရေးလောကမှာ နအဖ အကြောက်ဆုံး ပူဂ္ဂိုလ်တစ်ဦးရှိပါတယ်။ စာဖတ်ပရိတ်သတ်များ ဘယ်သူလို।ထင်ပါသလဲ။ ကျွန်တော် ကတော့ ထောင်ထဲမှာ နှစ်ပေါင်းများစွာ အကြောင်းအမျိုးမျိုးပြပြီး ပိတ်လှောင်ထားတဲ့ နိုင်ငံကျော်သတင်းစာ ဆရာကြီး ဦးဝင်းတင်ကို မီးမောင်းထိုး ပြချင်ပါတယ်။ ဦးဝင်းတင်ဟာ NLD ပါတီကို Foundation ချပေးခဲ့တဲ့ လူတစ်ဦးပါ။ သူဟာ NLD ကိုအရမ်းကို မျှော်လင့် ထားခဲ့ပါတယ်။ အကြံကောင်း ဥာဏ်ကောင်းတွေလည်း အများဆုံးပေးခဲ့တဲ့လူတစ်ယောက်ဆိုတာ အခုလက်ရှိ CEC တွေအသိဆုံးပါ။ နအဖက သူ।ကိုကြောက်လွန်းလို।သေခါနီးအချိန်အထိ ထောင်ထဲမှာပဲ ပိတ်လှောင်ထားတယ်ဆိုတာ အများအသိပဲဖြစ်ပါတယ်။ သူ।ရဲ।စိတ်ဓါတ်ခိုင်မာမှုကို ရန်သူ နအဖ တွေက လက်ဖျားခါ ချီးကျူးခဲ့ပါတယ်။

သို।ပေမဲ। အခုလက်ရှိ CEC တက်လုပ်နေတဲ့ နိုင်ငံရေးဂုရု ကြီးတွေရဲ। မမှန်ကန်တဲ့ဦးဆောင်မှုတွေနဲ। ငါတကော ကောနေကြတဲ့အတွက် ပါတီတွင်းမှာ ၀ါးအစည်းပြေသလိုဖြစ်နေကြပြီ။ ညှိနှိုင်းမရအောင် အခြေအနေတွေ တင်းမာနေကြပြီ။ ကိုယ့်ကို လိုတဲ့သူတွေကိုဆွဲတင် မလိုတဲ့ သူတွေကိုကြတော့ ဘေးထုတ်နေကြတယ်။ ပါတီထဲမှာ ကိုယ်နဲ့ခင်တဲ့လူကြီးတစ်ယောက် နှုတ် ဆက်ရင်တောင် စောင့်ကြည်နေတဲ့ သူတွေရှိနေကြတယ်။ အဲ့ဒီလောက်အခြေအနေဖြစ်နေတော့၊ သူ့မယုံ ကိုယ့်မယုံနဲ့ဖြစ်နေတော့ ဘယ်လိုနည်းနဲ့ ရှေ့ဆက်သွားရမှာလည်း။ အခုအချိန်မှာ ပိုပြီး စည်းစည်း လုံးလုံးရှိရမဲ့အချိန်မဟုတ်လား။ လူကြီးတွေကလည်း လူငယ် တွေကို အရမ်းနှိပ်ကွပ်တယ်။ ဗဟိုကနေချုပ်ကိုင်မှုက အရမ်းများလွန်းတယ်။ လူငယ်ဖွဲ့ စည်းရေးလုပ်ငန်းတွေကိုလည်း လူငယ် တွေရဲ့ သဘောဆန္ဒအတိုင်း လွတ်လပ်စွာရွေးချယ်တာဝန်ပေးအပ်ခွင့် မရဘူး။ အထက်မှာပြောထားတဲ့အတိုင်း သူတို့စိတ်ကြိုက်လူငယ်တွေကို ထည့်တယ်။ လူငယ်အချင်းချင်းခွဲခြားဆက်ဆံမှုတွေများလာတယ်။ သွေးခွဲသလိုဖြစ်နေတဲ့အတွက် နအဖရဲ့ အကွက် ကျကျအစီအမံ တွေလားလို့တောင်ထင်မှတ်ရတယ်။ CEC ထဲမှာလည်း ဘောင်းဘီချွတ်အဖွဲ့ တွေလဲပါတာဆိုတော့ သံယောဇဉ်တွေများတွယ်ပြီး ချက် ချင်းလုပ်ဆောင်သင့်တဲ့ကိစ္စတွေကိုတမင်နှောင့်နှေးအောင်၊သွေးကွဲမှုတွေဖြစ်အောင်၊ပါတီဝင် အင်အားတွေပြုန်းတီးအောင် လုပ်နေ တာများလား အဘရယ်။ နိုင်ငံတော်ကပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်နေတာများလား။ ဗကပ စနစ်အတိုင်း ဆိုရင်တော့ မလွယ်ဘူးနော်။

အခုဆိုရင်အဘတို့ရဲ့စည်းရုံးမှုအားကောင်းလို့တွံတေးက NLD လူငယ် ရာဇာ၊ နေခြည်ဝင်း၊ ရွှေပြည်သာက ထွေးသိန်း၊ လှိုင်သာယာက မျိုးမင်းစန်း၊ ဒလ က မင်းမင်းဇော် ၊စမ်းချောင်းက မတင်တင်ဝင်း ၊ ဒဂုံမြို့သစ်က မမီမီထိုက် ၊မပပ၊ မြောက်ဥက္ကလာပ က နိုင်လင်း တို့ဟာ နှုတ်ထွက်ဖို့ ပြင်ဆင်နေကြပါပြီ။ လူငယ်တွေနှုတ်ထွက်ကုန်ကြပြီဆိုရင် အင်အားတွေဘယ်လောက် လျှော့သွားမလဲ။ လူကြီးတွေချည့်ပဲဆက်လုပ်လို့ရမလား။ မျိုးဆက်သစ် တွေရဲ့ အားကမလိုတော့ဘူးလားခင်ဗျာ။ လက်ရှိနိုင်ငံရေးအခြေအနေကတော့ စိတ်ပျက်စရာပဲဗျို့။ အနာဂတ် မြန်မာနိုင်ငံရဲ့ အရေးကတော့ တွေးကြည့်ရင် ရင်လေးစရာပဲ။ ပြည်သူတွေသောင်းသောင်းဖျဖျ ထောက် ခံမဲပေးခဲ့တဲ့ပါတီကအခုလောက်ထိ အခြေအနေဆိုးလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး။ စိတ်မကောင်းဘူးဗျာ။ အဲ့ဒါ ကြောင့်လည်း သတင်းစာဆရာကြီး ဦးဝင်းတင်က ဒီနိုင်ငံမှာ ဒီမိုကရေစီရဖို့ မမြင်တော့လို့နိုင်ငံရေး လောကကို ကျောခိုင်းတာ ထင်တယ်။ ကျွန်တော်တို့ရဲ့အမေကလည်းဘာမှမပြောနိုင်၊မလုပ်နိုင်ဆိုတော့ သူတို့စိတ်ထင်တိုင်းရမ်းနေကြပြီ။ ကျွန်တော်တို့ နိုင်ငံ ချောက်ထဲကျဖို့ တဲတဲ ပဲလိုတော့တယ်။ အားလုံးစည်းလုံးညီညွတ်စွာနဲ့ လမ်းကြောင်းမှန်ကိုပြန်လျှောက်သင့်ပြီ။ လူငယ်တွေကလည်း လျှော့ လူကြီးတွေကလည်းလျှော့ပေးသင့်တာလျှော့ပေးပြီး တစ်စည်းတစ်လုံးတည်း၂၀၁၀ကို ကြံကြံခံချီတက်ကြပါစို့။ ဗိုလ်ချုပ်ဖြစ်စေချင်ခဲ့တဲ့ ဒီမိုကရေစီနိုင်ငံမျိုးဖြစ်အောင် ကြိုးစားဆောင်ရွက်ကြပါစို့ ...............

မင်းနိုင်

No comments: