(၈၈) မျိုးဆက်ကျောင်းသားများအား ဂုဏ်ပြုထုတ်ဝေထားသော ကဗျာစာအုပ်မှ အကြိုက်ဆုံးကဗျာတစ်ပုဒ်။
“ဘ၀နွေထဲက မီးကျည်ခဲ”
အမှန်တရား ၊ ငါကိုင်ထား၍
စကားမေတ္တာ ၊ ထားသစ္စာဖြင့်
ဤကားလူ့ရွာ ၊ ဤမှာလူ့ဘုံ
ဖြစ်ရပ်စုံကို ၊ ကြုံဆုံလာရ
ဆုံတွေ့ကလည်း
ဘ၀မုန်တိုင်း ၊ ကြမ္မာရိုင်းတို့
ရိုးပြိုင်းကျအောင်
ငါသေအောင်ဟု
ထုချေထောင်းကြ
ထိုးချေမွလည်း
ဘယ်ကချီ၍
ဘယ်ဆီဘယ်လမ်း
ဘယ်သို့မြန်းမလဲ
စခန်းမသာ ၊ လမ်းမသာလဲ(လည်း)
ဝမ်းမနာပါ
ငါ့မှာသတ္တိ ၊ ရဲရဲရှိ၏။
Friday, 26 September 2008
Subscribe to:
Post Comments (Atom)
1 comment:
Hello, I like this blog.
Sorry not write more, but my English is not good.
A hug from Portugal
Post a Comment