၂၀၀၈ခုနှစ် အောက်တိုဘာ (၅)ရက်နေ့ (၁၂၃၅)ချိန်မှ (၁၄၃၀)ချိန်ထိ မြောက်ဥက္ကလာပမြို့နယ၊်
(ဇ) ရပ်ကွက် ၊ မေဓါဝီလမ်း၊ အမှတ်(၃၉၂)၌ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ နှစ်(၂၀)ပြည့်အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။ သဘာပတိအဖြစ်ဦးအောင်သန်း နှင့် အခမ်း
နားမှူးအဖြစ် ဦးဌေးမြင့် တို့ကပြုလုပ်ခဲ့ကြပြီး ပါတီဝင်များဖြစ်သောဦးခင်လှိုင် ၊ ဦးသိန်းမြင့်၊ ဦးညွန့်၊ ဒေါ်တင်အုန်းဆွေ၊ ဒေါ်ကျင်မွှေး၊ ဒေါ်ချစ်၊ ဒေါ်လဲ့လဲ့တို့ အပါအ၀င်အင်အား(၈၀) ဦးခန့်တက်ရောက်
ခဲ့ကြသည်။ ၎င်းအခမ်းအနားတွင် အဓိက ပြောဆိုသည့် အချက်များမှာ “နိုင်ငံတော်အခြေခံ ဥပဒေမူ
ကြမ်း အတည်ပြုပြီးဖြစ်တဲ့အတွက်လာမည့်ရွေးကောက်ပွဲတွင် ပါတီတစ်ခုအနေဖြစ်ဝင်ရောက်အရွေး
ခံမည်ဖြစ်၍ ပါတီအောင်နိုင်ရေးအတွက်ချမှတ်ထားသော လုပ်ငန်းစဉ်များကို တစိုက်မတ်မတ် ယခင်
ကထက် ပိုမိုကြိုးစားဆောင်ရွက်သွားရန်လိုကြောင်း” ပြောကြားခဲ့သည်။ သို့ဖြစ်၍ NLD ပါတီအနေဖြင့်
လူကြီးလူငယ် စိတ်ဝမ်းကွဲနေမှုများ၊ စည်းလုံးညီညွှတ်ရေးပျက်ပြားနေမှုများ ဖြင့် အချိန်ကုန်မခံတော့ဘဲ တစ်စည်းတစ်လုံးတည်း ၀န်းရံ၍ပန်းတိုင်အရောက်ချီတက်ရန်အချိန်ရောက်ပြီဖြစ်ကြောင်းနှိုးဆော်သတိ
ပေးအပ်ပါသည်။
မင်းနိုင်
Monday, 6 October 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment