Friday 10 October 2008

မျိုးဆက်သစ်လူငယ်များအစည်းအရုံး(GW) ၏ ဆန့်ကျင်စာဖြန့်ကြဲလှုပ်ရှားမှု

၂၀၀၈ခုနှစ်အောက်တိုဘာလ(၉)ရက်(၀၉၀၀)နာရီတွင်မရမ်းကုန်းမြို့နယ်၊ရန်ကုန်_အင်းစိန်
လမ်း၊BPIမှတ်တိုင်အနီးတွင်လည်းကောင်း၊(၀၉၀၀)နာရီတွင်သုဝဏ္ဏ(၂၉)ရပ်ကွက်၊မီးဒုံးလမ်း
ကားမှတ်တိုင်အနီးတွင်လည်းကောင်း၊(၀၉၁၅)အချိန်တွင်နာရီတွင်သုဝဏ္ဏ(၂၉)ရပ်ကွက်၊
ပေါ်ဆန်းမွှေးကားမှတ်တိုင်အနီးတွင်လည်းကောင်း၊ (၀၉၁၅)နာရီတွင်ကျောက်တံတားမြို့
နယ်၊အမှတ်(၃)ရပ်ကွက်၊ပန်းဆိုးတန်းဂုံးကျော်တံတားပေါ်တွင်လည်းကောင်း၊(၀၅၀၀)အချိန်
တွင် ကျိုက္ကဆံအနောက်ရပ်ကွက် ရတနာလမ်းနှင့် သုမင်္ဂလာလမ်းဆုံ၌လည်းကောင်း မျိုးဆက်
သစ်လူငယ်များအစည်းအရုံး(GW)တံဆိပ်ပါ“ဆင်းရဲဒုက္ခအပေါင်းကင်းဝေးစေရမည်”ဟုရေး
သားထား သော စာရွက်များကြဲခဲ့ကြောင်းသိရှိရသည်။

No comments: