Monday, 27 October 2008

ငုဝါကလေး တရားရလိုက်ပြီ

ရွှေရည်ပိတောက်
နေခြည်ပျောက်မှာ
ဝင်းလက်တောက်ပ
မာန်မာနနဲ့
ချေဖျားထောက်ခါ
ငုဝါကလေး
ညီပုလေးဟု
ပြစ်တင်နှိပ်ချ
ဟားတိုက်ပြတော့
ငုဝါကလေး ပြုံးလျက်ပင် ……။
သကောင့်သားတို့
ပင်ဖျားထိပ်တက်
မောဟရမက်
လောဘဖက်၍ ချိုးဖျက်ချွေချ
ပွင့်ကြေရပြီ
ပိတောက်မျက်ရည် ကျခဲ့ပေါ့ ……။
အော် ရှင်တော် ဗုဒ္ဓ
ဆိုဆုံးမသည်
အနိစ္စ - အမြဲမရှိ၊ ဒုက္ခ ဆင်းရဲခြင်း
အနတ္တ - အစိုးမရပါလား
ငုဝါကလေး တရားရလိုက်ပြီ ……။
(နာနတ်မြေ-သစ္စာနီ)

No comments: