(၂၃ .၉ .၂၀၀၈)ရက်နေ့တွင်ထောင်မှလွတ်ပြီး NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တာဝန် ပြန်လည်ထမ်းဆောင်တော့မည့် ဦးခင်မောင်ဆွေနှင့် ဦးဝင်းတင်တို့ ပါတီတွင် ပြန်လည်ရောက်
ရှိလာသဖြင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အင်အား ပြန်လည်ကောင်းမွန်လာသောကြောင့်
ကျမ္မာရေး ကောင်းမွန်ခြင်းမရှိသော ဦးလှဖေနှင့် ဦးလွန်းတင်တို့ နှစ်ဦးသည် ပါတီမှ အနားယူ တော့မည်ဖြစ်ကြောင်းသိရှိရသည်။
မင်းနိုင်
Monday, 6 October 2008
Sunday, 5 October 2008
အမေသို့
အမေ ……
လောကဓံ တရားရဲ့
ဒဏ်ရာ ဒဏ်ချက်တွေကို
အမေ ……
ခါးဆီးရင်ကော့
ခံစားနေရတာ
ဘာကြောင့်ဆိုတဲ့ အဓိပါယ်
အမေ့သား နားလည်ပါတယ် အမေ ……
စိန်ကျောက်ပတ္တမြားတွေ တထိန်ထိန်လင်းနေပေမဲ့
စိန်နားကပ်ရောင်နဲ့ ပါးပြောင်တဲ့ ဘ၀ကို အမေမမက်မောဘူး
သဖန်းသီးလို လှပြီး ခွဲကြည့်တော့
အထဲမှာ ပိုးတွေနဲ့ ဘ၀ကို မလိုချင်ဘူး
ဒူးရင်း သြဇာလို ဂုဏ်ပုဒ်
စန္ဒကူးလို မွှေးတဲ့ဘ၀နဲ့
အမေလောကကို အလှဆင်ချင်တယ်
အမေ့ဆန္ဒ အမေ့ဘ၀ကို
ပေးဆပ်ခြင်း ရွှေအိုရောင် အချိန်များနဲ့
မွတ်သိပ်စွာ ဂုဏ်ယူနေတဲ့
အမေရယ် …အမေ့သားကျနော်ဖြစ်ရတာ ဂုဏ်ရှိလေစွ ၊ဂုဏ်ရှိလေစွ
အမေ အသက်ရာထောင်ရှည်ပါစေ ……
(သစ္စာနီ-နာနတ်မြေ)

ငါပြောချင်တယ် သူငယ်ချင်း
နိုင်ငံရေးဆိုတာ
ကြောက်လွန်းရင် လူရာမ၀င်ဘူး
မြောက်လွန်းကလည်း ပေါက်တက်တယ် ……
စီးမျှောနေသော သွေးတို့
နေမင်းကသောက်သုံး
အခိုးငွေ့တွေ ဖြစ်သွား
ကောင်းကင်မှာ သန္ဓေတည်
မိုးစက်သွေးတွေ ချွေချ
မြို့ ပြအနှံ့ ရိုးမအနှံ့
ပျံ့ နှံ့လို့သွားခဲ့……
ဂျူလီယက်ဆီဇာ
နပိုလီယံနဲ့ ဟစ်တလာ
ဒါဟာ သမိုင်းပေါ့……
အဟောင်းနဲ့အသစ် ပဋ္ဋိပက္ခ ဖြစ်စဉ်
ကြေးမုံပြင် ထင်သာတဲ့ ပုံရိပ်
စိုးထိပ် ၀ိုးတ၀ါး ကြောက်စိတ်နဲ့မှုံဝါး
ရှောင်လွဲလို့ ရမလားကွယ်……
ဘ၀နဲ့ အသိ ထိမိသောအခါ
သင်ဟာအိပ်ယာမှ လန့်နိုး
သူခိုး သူခိုးနဲ့
တောတိုးတဲ့ ဆင်ကန်း
ဂယောင်ဂတမ်းနဲ့ ယောင်ရမ်းလို့အော်မနေနဲ့……
သီအိုရီဆိုတဲ့ အယူအဆဒဿဆိုတဲ့ အတွေးအခေါ်
ဘေးချော်လို့မနေနဲ့……
မီးနီတော့ ဖြတ်မလို
မီးစိမ်းတော့ ရပ်မလို
ပြောင်းပြန်ကြီးဖြစ်နေတဲ့
သူငယ်ချင်း ……
ဘီယာဘူးခွံ အလွတ်တွေ
အိပ်မက် မက်နေသလား
အသားလွတ် ဆီဘူး
စိတ်ကူးနဲ့ ရူးနေသလား……
သမိုင်းရထား၊ ခုတ်မောင်းသွားပေါ့
ဘီးအောက်မှာ……
စိတ်ကူးယဉ်၊ အသားစတွေ
မွမွကျေ မွမွကျေ ……
ရာသီပေါ်ဖား
တကြွားကြွားနဲ့
မင်းအစား ငါရှက်တယ် ရှက်တယ်
သိပ်ရှက်တယ် သူငယ်ချင်းရယ်။
ရေဆန်မှာ လေထန်ကို ဖြတ်သန်းခြင်း
စဉ်းစားပါ
စကားပြောမယ်
ဝင်္ကဘာ
နောက်ဆုံးတော့ ထွက်ပေါက်ရသွားတယ်
ပိတ်နေတဲ့ တံခါးဟာ
ပွင့်လာမှာပေါ့
စိတ်မရှည်နိုင်တာက
ကိုယ်ညံ့လို့
ဇွဲကြီးပါ သတ္တိရှိပါ
ရေဆန်မှာ လေထန်ကို ကြုံတော့
လောကဓံဆိုတာ
ခံနိုင်ရည်ရှိသူတို့ရဲ့
အောင်ပွဲပေါ့…..

Wednesday, 1 October 2008
ဒိုင်ယာလော့
တရံသောအခါ၌ မြို့တစ်မြို့တွင်ဆရာဝန်ကြီးတစ်ဦးရှိလေသည်။ အဲ့ဒီဆရာဝန်ကြီးရဲ့အိမ်ရှေ့ကလမ်းဟာ
မကောင်းသောကြောင့် လမ်းသွားလမ်းလာများ မကြာခဏချော် လဲတက်တယ်တဲ့။ဆရာဝန်ကြီးကစဉ်းစား
တယ်…။ငါရဲ့အလုပ်ကဆရာဝန်၊ လူနာတွေ ကိုဆေးကုဖို့တာဝန်ပဲရှိတယ်။ လမ်းပြင်တဲ့အလုပ်ကငါ့အလုပ်
မဟုတ်ဘူး။ ဒါပေမဲ့ ငါနဲ့မဆိုင်ဘူးဆိုပြီးတာဝန်မဲ့စွာနေရင် ငါလည်းတစ်နေ့ကျရင်ချော်လဲလိမ့်မယ်။ဒါကြောင့်
လမ်းပြင်မယ်ဆိုပြီး ပေါက်ပြားနဲ့တူရွင်းကိုကိုင်လိုက်တယ်။ အဲ့ဒီအချိန်မှာသူဖျတ်ကနဲ သတိတစ်ခုရလိုက်
တယ်။ သူလိုပဲလမ်းပြင်မယ်ဆိုပြီး လမ်းကိုတူးဆွတဲ့သူတွေကို စည်ပင်ဝန်ထမ်းတွေကလမ်းဖျက်ဆီးတယ်
ဆိုပြီးဖမ်းဆီးတယ်တဲ့။ သူတို့ကိုယ်တိုင်လည်းမပြင်ဘူး။ပြင်မယ်ဆိုတဲ့သူတွေကိုလည်းဖမ်းတယ်။ လမ်းလည်း
ကောင်းသွားစေချင်တယ်။ အရေးယူလည်းမခံချင်ဘူး။ ကောင်းတာလုပ်တယ်ဆိုတာကိုတဖက်သားကလက်ခံ
စေချင်တယ်။ win & win situation ဖြစ်အောင်ဘယ်လိုလုပ်ရမလဲလို့စဉ်းစားတယ်။ ရုတ်တရက်ပဲဆရာဝန်ကြီး
က အိမ်မှာလုပ်တဲ့မုန့်ကို ဂျိုင့်တစ်ခုထဲထည့်ပြီး စည်ပင်အရာရှိကြီးအိမ်ကို ထွက်လာခဲ့တယ်။ စည်ပင်အရာရှိကြီး
နဲ့တွေတဲ့အခါ မိတ်ဆက်ပြီးအိမ်မှာလုပ်တဲ့မုန့်လာပို့တာဆိုတဲ့အကြောင်း ပြောပြီးရင်းနှီးမှုရအောင်လုပ်လိုက်တယ်။
အတော်လေးရင်းနှီးလာတဲ့အခါမှာ လမ်းကိုပြင်ချင် တယ်ဆိုတဲ့အကြောင်း၊ဒီအတိုင်းရေရှည်ဆက်သွားမယ်ဆိုရင် ရက်ကွက်လူထုဒုက္ခရောက်မယ်ဆိုတဲ့အကြောင်းအကျိုးသင့်အကြောင်းသင့်ပြောတယ်။အဲ့ဒီအခါမှာတော့အရာရှိ
ကြီးကဒါဟာသူ့ကိုကျောတာမဟုတ်ဘူး။တစ်ကယ်လိုအပ်လို့လုပ်တာပါလားဆိုပြီးလမ်းပြင်ဖို့ခွင့်ပြုတဲ့အပြင်လို
အပ်တဲ့အကူအညီတွေပါပေးလိုက်တော့နောက်ဆုံးတော့ရပ်ကွက်လမ်းလေးဟာကောင်းသွားပါတော့တယ်။

အတ္တကို ခ၀ါချခြင်း
ဇွဲကြီးမာန်ဟုန် ၊ အရှိန်အဟုန်နှင့် ၊ မြေတုံခါတီး
တောင်ကြီးကိုလည်း ဖြိုရန်ကြံခဲ့. . . . . . .. . . .
ဇွဲကြီးမာန်ဟုန် ၊ အရှိန်အဟုန်နှင့် ၊ မြေတုံခါတီး
တောမီးကိုလည်း ဖြတ်ရန်ကြံခဲ့. . . . . . . . . . .
တုံးတိုက်တိုက် ၊ ကျားကိုက်ကိုက်
တိုက်ပွဲရှိမှအောင်ရမယ်
မိုက်ခဲ့တာလည်းကျွန်တော် . . . . . . . . . . . . .
ငယ်မူငယ်သွေး ၊ မာနသွေးနဲ့
သွေးနထင်ရောက် ၊ ခြေဖျားထောက်၍
ကြောက်စိတ်မသီ ၊ ဘာမထီဟု
ဇာနည်ယောက်ျား ၊ ငါတကားဟု
ထားခဲ့မာနအခါခါ. . . . . . . . . . . . . . . . . . . . .
လောကဓံလှိုင်း ၊ ကြမ္မာရိုင်းတို့
ရိုးပြိုင်းကျအောင် ၊ ပွေ့သိုင်းချေဖျက်
ဘ၀ပျက်မှ
ဗုဒ္ဓ ဗုဒ္ဓ သတိရခဲ့
ကျေးဇူးတော်စုံ ၊ ဂုဏ်တော်အနန္ဒနှင့်
ပြည့်စုံတော်မူသော ရှင်မြတ်စွာဘုရား . . . . . . . .
ကိလေသာ ကာမတောမှာ နစ်မျောလို့
ရှင်တော်ဗုဒ္ဓဆိုဆုံးမသည့် ၊ သင်္ခါရကို
အစဉ်ထာဝရမှတ် ၊ မမြဲသည်ကို အမြဲမှတ်လို့
အတ္တလွန်ကဲ တပည့်တော်ဥာဏ်ငမွဲကို
ကာယကံ ၀စီကံ မနောကံ အပြစ်တို့အား
ပျောက်ပါစေခြင်းအလို့ငှာ
သံသရာဝဋ္ဋ်ဆင်းရဲမှ လွတ်မြောက်ရန်ရည်သန်၍
လက်အုပ်မိုး၍ရှိခိုးကန်တော့ပါ ၏ ဘုရား. . . . . .။

Monday, 29 September 2008
ပျဉ်းမနားသကြားစက်တွင် ၀န်ထမ်းအမျိုးသမီးငယ်များအပေါ်အနိုင်ကျင့် ယုတ်မာမှုများ
စစ်အစိုးရရုံးစိုက်ရာနေပြည်တော်တိုင်းပျဉ်းမနားမြို့ရှိပျဉ်းမနား သကြားစက်တွင်ဝန်ထမ်းအမျိုးသမီးငယ
်များအားအထက်အရာရှိဆိုသူများကယုတ်မာစွာအသုံးချလျှက်ရှိကြောင်းသိရသည်။ယ္ခုလာမည့်ရှေ့လတွင်
သကြားစက်များစတင်လည်ပတ်တော့မည်ဖြစ်သဖြင့်မြန်မာ့ကြံလုပ်ငန်းမှMD(အသွင်ပြောင်း)ဆိုသူများ
သကြားစက်များသို့လာရောက်၍လှည့်လည်စားသောက်ကြတော့မည်ဖြစ်သည်။ထိုအခါတွင်အဆင်သင့်ဖြစ်
စေရန်အတွက်စက်ရုံမှူး၊ဒုစက်ရုံမှူးများ(ကျွန်သဘောက်များ)မှအလိုက်သိစွာဖြင့်(၎င်းတို့စားသောက်ထား
သည်များကိုလျစ်လျှုရှုစေရန်)ပြင်ဆင်လျှက်ရှိပေသည်။နှမချင်းကိုယ်ချင်းမစာစွာဖြင့်စက်ရုံဝန်ထမ်းအမျိုး
သမီးငယ်များအားချော့၍တစ်ဖုံ၊အလုပ်အကိုင်ဖြင့်ခြိမ်းခြောက်၍တစ်လှည့်၊အကြပ်ကိုင်၍တစ်မျိုးဖြင့်ဆောင်
ရွက်လျှက်ရှိပေသည်။အမျိုးကောင်းသမီးများစွာသည်၎င်းမုဆိုးများ၏ကျော့ကွင်းတွင်မိ၍ဘပျက်ခဲ့ရပေါင်း
လည်းများပေသည်။၎င်းတို့အားဝန်ထမ်းများမှပြန်လည်မတိုင်ကြားဝံ့သည်ကိုအခွင့်ကောင်းယူ၍ယ္ခုတစ်ကြိမ်
တွင်လည်းစတင်၍ခြိမ်းခြောက်အကြပ်ကိုင်လျှက်ရှိပေသည်။ငယ်ရွယ်ချောမောလှပသည့်ဝန်ထမ်းမိန်းမပျိုလေး
များအား ၎င်းအရာရှိMDများလာရောက်ရာတွင်သီချင်းဆိုဖျော်ဖြေစေခြင်း၊ညဥ့်နက်သည့်အချိန်၎င်းတို့၏အရက်
ဝိုင်းတွင်အရက်ငှဲ့/အတူထိုင်မှုပြုလုပ်စေခြင်း၊အိပ်ယာအတွင်းနှိပ်နယ်ပေးရန်စသဖြင့်ဂွင်ဖန်လျှက်ရှိပေသည်။
နှမသားချင်းကိုယ်ချင်းမစာကိုယ်ကျိုးအတွက်အကြံပက်စက်စွာဖြင့်လုပ်ဆောင်လျှက်ရှိသည့်ဤတဏှာရမ္မက်
ကောင်များအားတားဆီးမည့်သူမရှိပေ။အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးများလည်းဘယ်ရောက်နေမှန်း
မသိပေ။၎င်းတဏှာရမ္မက်ကောင်များ၏အမည်အားပြည်သူများဒဏ်ခတ်နိုင်စေရန်ဖော်ပြလိုက်ပါသည်-
- ဒုစက်ရုံမှူးဦးအေးကို(အင်ဂျင်နီယာ)၊အမှတ်(၃)သကြားစက်၊ပျဉ်းမနားမြို့။
- CEဦးဇော်ဇော်လွင၊်အမှတ်(၃)သကြားစက်၊ပျဉ်းမနားမြို့။
သည်။အဆက်အသွယ်ရှိသူများစုံစမ်းကြည့်ပါ။မခံရပ်နိုင်လွန်းသဖြင့်ရေးသားရခြင်းဖြစ်ပါသည်။)
မင်းနိုင်
ဂုဏ်ယူပါတယ် အဘဦးဝင်းတင်
၂၃।၉।၀၈ ရက်နေ့က အကျဉ်းထောင်မှလွတ်လာသော ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနှင့်ဒေါ်မေ၀င်းမြင့်တို့အားNLD၏နှစ်(၂၀)ပြည့်နှစ်ပတ်လည်အခမ်းတွင်NLDဥက္ကဌ ဦးအောင်ရွှေမှတာဝန်အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။ဦးဝင်းတင်နှင့်ဦးခင်မောင်ဆွေအား၎င်းတို့၏ မူလတာဝန်ဖြစ်သောဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တာဝန်၊ဒေါက်တာသန်းငြိမ်းအား၎င်း၏မူလတာဝန် ဖြစ်သောရန်ကုန်တိုင်းစည်းဒုဥက္ကဌတာဝန်နှင့်ဒေါ်မေ၀င်းမြင့်အားဗဟိုအမျိုးအမီးအဖွဲ့ဒုဥက္ကဌတာဝန်တို့ အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။အဘဦးဝင်းတင်အနေဖြင့်ယ္ခုကဲ့သို့တာဝန်ပေးအပ်မှုကိုဝမ်းမြောက် ကြောင်းနှင့်ကျန်းမာရေးအခြေအနေနှင့်လက်ရှိနိုင်ငံရေးအခြေအနေများကိုလေ့လာရန်ခေတ္တအချိန်ယူပြီးမှသာ ပါတီ၏တာဝန်ကို ထမ်းဆောင်မည် ဖြစ်ကြောင်းသိရသည်။
Subscribe to:
Posts (Atom)
Blog Archive
-
▼
2008
(34)
-
▼
October
(19)
- တစ်ချက်လောက်ငဲ့ကြည့်ကြပါအုံး
- ငုဝါကလေး တရားရလိုက်ပြီ
- ရေဆန်မှာ လေထန်ကို ဖြတ်သန်းခြင်း
- ကိုယ့်"အား" ကိုသူ့"အား" အဖြစ်ခံမလားNLD
- ရွှေပြည်သာမြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ပွား
- ကြွေသွားသော ကြယ်များကိုယ်စား
- ၀ါရင့် နိုင်ငံရေးသမားကြီးများ၏ လက်တလောNLD ပါတီနှင်...
- မျိုးဆက်သစ်လူငယ်များအစည်းအရုံး(GW) ၏ ဆန့်ကျင်စာတွေ...
- မျိုးဆက်သစ်လူငယ်များအစည်းအရုံး(GW) ၏ ဆန့်ကျင်စာဖြန...
- ကြိုးကြာဖြူအထည်ချုပ်စက်ရုံနှင့် ဒဂုံဝင်းအထည်ချုပ်စ...
- မြောက်ဥက္ကလာပမြို့ နယ် တိုင်းရင်းသားစည်းလုံးညီညွှတ်...
- ရွှေသာယာ ကားထုတ်လုပ်ရေး အလုပ်ရုံတွင် အလုပ်ရှင် အလုပ...
- နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများခဲ့...
- ရွှေပြည်သာ ဗုံးပေါက်ကွဲမှုတွင် ပါဝင်ပါတ်သက်သူများကို...
- NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးလှဖေ နှင့် ဦးလွန...
- အမေသို့
- ငါပြောချင်တယ် သူငယ်ချင်း
- ဒိုင်ယာလော့
- အတ္တကို ခ၀ါချခြင်း
-
▼
October
(19)